ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သာသနာ့အန္တရာယ် ဒို့ကာကွယ် ကဗျာရှင် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

သာသနာ့အန္တရာယ် ဒို့ကာကွယ်
ကဗျာရှင် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)
ပရိယတ္တိ၊ပဋိပတ္တိ၊ပဋိဝေဓ
မူလသုံးဖြာ သာသနာမှာ
အခြေမူလ ပရိယတ္တိဟာ ပဓာနမို့
မူလခံတပ် မပျက်ရလေအောင်
နွေရာသီမှာ ယမိုက် ပဋ္ဌာန်း
အဆင့်မြင့် ဓမ္မာစရိယတန်းရယ်
ပြီးတော့ ကမ္ဘာကို သာသနာပြန့်ပွါးစေဖို့
ဗုဒ္ဓတက္ကသိုလ်ပညာရပ် အဖက်ဖက်က တက်ကျွမ်းကြရလေအောင်
သင်ကြားပို့ချ ပေးဝေငှရာဌာန

အခုတော့ ခေတ်သစ် ဒေ၀ဒတ်တို့ရဲ့လက်ချက်နဲ့ ပျက်ရတော့မယ်
ဆရာတော် နောက်ဆုံးနှုတ်ဆက် ဆွမ်းခံထွက်စဉ်
လှူဒါန်းကြသူ ဒါယကာ ဒါယိကာမတို့ရဲ့
သောကမျက်ရည်တွေ ပင်လယ်ဝေနေကြရပြီလေ…
ဒို့နိုင်ငံ ဒို့သာသနာ……
အင်္ဂလိပ်နဲ့ ဂျပန် တိုင်းတစ်ပါးသားရဲ့လက်ထက်
ဒီလောက် ရက်စက်မခံခဲ့ကြရ
အခုတော့ တိပိဋကဓရ၊  
ဘိဝံသ၊ ဓမ္မကထိက၊ ပဓာနနာယက

သံဃာတော်တွေ အားလုံးလည်း ထောင်နန်းတွေစံခဲ့ကြရ
ကျောင်းတိုက်တွေလည်း ဖျက်ဆီးချိတ်ပိတ်ခံရ
သံဃာတော်သွေးတွေလဲ
ရွှေတိဂုံဘုရား ခြေတော်ရင်းမှာ မြေခခဲ့ကြရပေါ့..
မြန်မာမှာ ဥဒါန်းတွင်မဲ့နေ့
၁၉ ရက် ၂ လ ၂၀၁၂ နေ့ပေါ့..
သာသနာကိုချစ်သူ၊ သာသနာပြုသူ
သာသနာတော်ကို ပြန့်ပွါးစေသူရဲ့ရလာဒ်
ကျောင်းတိုက်က ထွက်ရမယ်တဲ့…
သာသနာကို ဖျက်ဖို့ကြံကြတဲ့
ဒင်းတို့ရဲ့ ခြေလှမ်းအစ ဒို့တတွေ ငုံ့ခံကြရင်..
ဒို့ဗုဒ္ဓရဲ့သာသနာ ဒို့ရဲ့အမိမြေမှာ
မြန်မကြာ ခွဲခွါရတော့မှာမို့
အားလုံးသတိ အစဉ်အမြဲရှိဖို့
သာသနာအရေး ဒို့အရေး…..
သာသနာ့တာဝန် ဒို့တာဝန်….
သာသနာ့အလုပ် ဒို့အလုပ်….
သာသနာ့အန္တရာယ် ဒို့ကာကွယ်ဖို့
ဒို့တစ်တွေ စည်လုံးညီညွတ်စွာဖြင့်
တွန်းလှန် တိုက်ပွဲဝင်ကြပါစို့…….
မှတ်ချက်။       ။သာဓုပရိယတ္တိ စာသင်တိုက်၊ ဗုဒ္ဓတက္ကသိုလ်ကြီး၏ ပဓနနာယကဆရာတော် ဦးပညာသီဟ (ရွေည၀ါဆရာတော်)၁၉.၂.၂၀၁၂နေ့ ကျောင်းတိုက်က ထွက်ပေးရမည်ကို မချိတင်ကဲရေးစပ် သီကုံးထားခြင်း ဖြစ်ပါသည်

မင်းသုည (ဗုဒ္ဓတက္ကသိုလ်)