ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တက်ရောက် ဂုဏ်ပြုခဲ့တဲ့ ပြန်လည်လွှတ်မြောက်လာတဲ့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနား

၂.၂.၂၀၁၂ မနက်၈နာရီက ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များမှ ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ဖွဲ့စည်းပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ပီးခဲ့တဲ့လ ၁၃ရက်နေ့က အကျဉ်းထောင်အတွင်းမှ ပြန်လည် လွတ်မြောက်လာကြတဲ့  (The Best Manure) လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်...။

မြောက်ဥက္ကလာပမြို့နယ် ၊ ဘုမ္မာ(၅) လမ်းနေအိမ်မှာ ကျင်းပပြုလုပ်တဲ့ အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားသို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ..၊ မစုစုနွေးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်..။

ယင်းအခမ်အနား၌ ကဗျာဆရာ/ စာရေးဆရာ သစ္စာနီမှလည်း ခွပ်ဒေါင်းသြဘာစာ မဟာကဗျာ လေးချိုးကြီးကို ရွတ်ဖတ် ဂုဏ်ပြုခဲ့ပါတယ်..။
 
ဓာတ်ပုံများ... ဒီမိုဝေယံ၊ ခမိခဆဲ