ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ရှမ်း၊ ကယား၊ ကယန်း၊ ကရင်၊ မွန်ဒေသများသို့ ခွဲဝေလှူဒါန်းမှု (သတင်း၊ မှတ်တမ်း)

ရှမ်းပြည်နယ်သို့ ပညာရေး ရံပုံငွေ သိန်း(၄၀)လှူဒါန်းစဉ်
ကယားပြည်နယ်သို့ ပညာရေး ရံပုံငွေ သိန်း(၄၀)လှူဒါန်းစဉ်
 ဤသို့ ခက်ခက်ခဲခဲ သွားရောက်ကာ..
ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ရှမ်း၊ ကယား နှင့်
ကယန်းဒေသများသို့ လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ခွဲဝေလှူဒါန်းမှု ဒုတိယခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလ (၁၈) (၁၉) (၂၀)နေ့များတွင် (၁) ရှမ်းပြည်နယ်၊ (၂) ကယားပြည်နယ်၊ (၃) ကယန်းပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့၊ အထူးဒေသ( ၃)၊ ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ လှူဒါန်းခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် ဆက်သွယ်ရေးတာဝန်ခံ ဒေါ်ခင်မိုးမိုးနှင့် ကယန်းပြည်သစ်ပါတီ ပညာရေးနှင့် ယဉ်ကျေးမူ ကော်မတီ ဥက္ကဋ္ဌ ဦးဂေဂေါ်ရီ တို့ထံ စုစုပေါင်း အလှူငွေကျပ်သိန်း (၁၂၀) နှင့် ဗလာစာအုပ်(၁၅၀၀) ဒါဇင်၊ ဘောလ်ပင်(၈၃၄) ဒါဇင်၊ ပေတံ (၁၉၂) ဒါဇင် တို့ကို ပေးအပ် လှူဒါန်း ခဲ့ကြပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်နှင့် ကယန်းပြည်သစ်ပါတီ ပညာရေးနှင့် ယဉ်ကျေးမူ ကော်မတီတို့ ၏ ဦးဆောင်ကွတ်ကဲမူဖြင့် ပြည်နယ်(၂)ခုနှင့် ငြိမ်းချမ်းရေးအထူးဒေသ (၁)ခု အတွင်းရှိ ဆင်းရဲနွမ်းပါး ချို့တဲ့သော စာသင်ကျောင်းများအား လိုအပ်ချက်များကို အသေအချာ လေ့လာ၍ အကျိုးရှိစွာ တိုက်ရိုက် ထောက်ပံကူညီ ပေးသွားမည် ဖြစ်ပါသည်။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ဂီတဖျော်ဖြေပွဲ ရေးရန်ပုံငွေ ကရင်ပြည်နယ်သို့ ပြည်ထောင်စုနေ့ တွင်ဂုဏ်ပြုလှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်ထောင်စုတိုင်းရင်သားများပညာရေးရန်ပုံငွေ လှူဒါန်းမူ အစီအစဉ်အဖြစ် (၆၅) နှစ်မြောက်ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် အတွင်းရှိ အောက်ပါ မူလတန်းကျောင်းများအား ခွဲဝေလှူဒါန်ပေးနိုင်ရန် ငွေကျပ်သိန်း(၄၀) ဗလာစာအုပ်ဒါဇင် (၅၀၀) ဘောလ်ပင်( ၂၇၈) ဒါဇင်၊ ပေတံ ( ၄၆) ဒါဇင်တို့ကို ကရင်ပြည်နယ် အဖွဲ့ချုပ်သို့ ပညာရေးကွန်ရက်မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်း ပေးအပ်ခဲ့ပါသည်။

(၁)အမှတ်( ၆၃) အခြေခံပညာ မူလတန်းကျောင်း ဖါလင် ကျောက်တန်းကျေးရွာ၊ ဘားအံမြို့ 
(၂)အမှတ်(၇၈)အခြေခံပညာ မူလတန်းကျောင်း ကော့တုံကျေးရွာ၊ဘားအံမြို့ 
(၃)ဖါလင်(၂) အခြေခံပညာမူလတန်းကျောင်း ဖါလင်ကျေးရွာ၊ဘားအံမြို့ 
(၄)အခြေခံပညာမူလတန်းကျောင်း ကော့ကရဲထော်ကျေးရွာ၊ ဘားအံမြို့ 
(၅) အခြေခံပညာမူလတန်းကျောင်း သာနူံးကျေးရွာ၊ ဘားအံမြို့ 

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ မွန်ပြည်နယ်သို့ စတင်လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်သားများပညာရေးရန်ပုံငွေ စတင်လှူဒါန်းမူ အစီအစဉ်အဖြစ် (၁၁.၂.၂၀၁၂) စနေနေ့က မွန်ပြည်နယ် အတွင်းရှိ အောက်ပါ ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်း(၂) ကျောင်းသို့ အလှုငွေ ကျပ်သိန်း(၂၀)စီနှင့်
ဗလာစာအုပ်(၄၈) ဒါဇင်စီ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

(၁) သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသားဦးရေ(၈၇)ယောက်၊ ဆရာဦးရေ (၃)ယောက် ဘုရားကုန်းရပ်၊ညောင်ပင်ဆိပ်ကျေးရွာ
ကျိုက်မရောမြို့ နယ်၊

(၂) ဟံသာဝတီတိုက်သစ် ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသားဦးရေ (၃၇၆)ယောက်၊ ဆရာဦးရေ (၈)ယောက် (၉)လမ်းထိပ်၊ ဟံသာဝတီရပ်၊ သံဖြူဇရပ်မြို့နယ်

ပြည်နယ်တစ်ခုလျှင် ဗလာစာအုပ် ဒါဇင်(၅၀၀) ဘောလ်ပင်ဒါဇင်(၂၇၈) ပေတံဒါဇင်(၄၆) တို့ကိုလည်း လာမည့် ကျောင်းဖွင့်ရာသီတွင် သက်ဆိုင်ရာ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တဆင့် ထပ်မံခွဲဝေလှူဒါန်း ပေးရန် စီစဉ်ထားပြီး ဖြစ်ပါသည်။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်