ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ကျင်းပတဲ့ ရွှေညဝါဆရာတော်ကြီးအား နှုတ်ဆက်ပွဲ အခမ်းအနား.. (ဓာတ်ပုံ)

ယနေ့ မနက်ပိုင်းက ကျင်းပတဲ့ ရွှေညဝါဆရာတော်ကြီး၏ နောက်ဆုံး နှုတ်ဆက်ပွဲ အခမ်းအနားသို့ ဆရာတော်ကြီး၏ တပည့်သံဃာ၊ သီလရှင်များ၊ ၂၀၀၇ရွှေဝါရောင် ဦးဆောင် သံဃာတော်များ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ မျိုးဆက်သစ် ဗကသကျောင်းသားအဖွဲ့ဝင်များနဲ့ အစရှိသည့် အဖွဲ့အစည်း အသီးသီးနဲ့ ဆရာတော်ကြီးကို ကြည်ညိုကြသော ဒါယိကာ၊ ဒါယိကာမများ လူဦးရေ၁ထောင်ကျော်ခန့် တက်ရောက်ကြပါတယ်..။ ယနေ့နေ့လည် (၁)နာရီမှာတော့ မှော်ဘီမြို့ရှိ ပြောင်းရွှေ့သီတင်သုံး နေထိုင်မည့် ခြံသို့လိုက်ပါ ပို့ဆောင်မည် ဖြစ်ကြောင်း သိရှိရပါသည်...။ မှော်ဘီရှိ ဆရာတော်သီတင်းသုံးမည့် ခြံဝန်းအပြင်၌ သက်ဆိုင်ရာ စရဖနဲ့ လုံခြုံရေးအဖွဲ့ဝင်များ စောင့်ဆိုင်းနေကြောင်း သိရှိရပါသည်။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဇော်တူး