ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပုသိမ်မြို့ ကိုးသိန်းဘောလုံး အားကစားကွင်းအတွင်းမှ စောင့်မျှော်နေတဲ့ လူထုပရိသတ်များ...

ဒေါင်းအလံ တလူလူလွှင့်နေတဲ့ ကိုသိန်းအားကစားကွင်း အတွင်းမြင်ကွင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းကို နံနက် ၉ နာရိ ၃၀ မိနစ်ခန့်တွင်တွေ့ရစဉ်...။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်း ဘောလုံးကွင်း အတွင်းတွင် ရောက်ရှိ နေကြသော ပြည်သူများမှ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ ဟု ဟစ်ကြွေးလျက်ရှိကာ ဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဖွဲ့ဆို ထားသည့် သီချင်းကို ၀ိုင်းဝန်း သီဆိုလျက်ရှိနေပါသည်။ Eleven Media Group