ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်တဲ့ HIV/AIDS ရံပုံငွေဂီတဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ... (ဓာတ်ပုံ)

မနေ့က ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်သော HIV/AIDS ရန်ပုံငွေပွဲ ဂီတဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ...
၂.၂.၂၀၁၂က ပြုလုပ်တဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်တဲ့ HIV/AIDS ရံပုံငွေ ဂီတဖျော်ဖြေပွဲသို့ ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက် အားပေးခဲ့ကြပါတယ်...။ အဆိုပါ ဂီတဖျော်ဖြေပွဲသို့ နာမည်ကြီးတီးဝိုင်းများနှင့် နာမည်ကြီးအဆိုတော်များမှ လာရောက်ဖြေဖျော် သီဆိုခဲ့ကြပါတယ်..။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ အမှာစကားပြောကြားခဲ့ပြီး ကိုမင်းကိုနိုင် အကျဉ်းထောင်အတွင်း ရေးစပ်သီကုံးထားသော တေးသီချင်းများအား အဆိုပါတေးဂီတပွဲ၌ လာရောက်ဝယ်ယူကြသဖြင့် ရရှိသော ရောင်းရငွေများအား အဆိုပါ ရံပုံငွေပွဲ ဖျော်ဖြေပွဲအတွက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်...။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးမှလည်း အကျဉ်းထောင်အတွင်း ခံစားရေးဖွဲ့ သီကုံးခဲ့တဲ့ တေးသီချင်း(၂)ပုဒ် ရောင်းရငွေထဲမှ ၁သိန်းကျပ်တိတိအား HIV/AIDS ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပါတယ်..။

အဆိုပါ HIV/AIDS ရံပုံငွေဂီတဖျော်ဖြေပွဲအား တိုက်ရိုက် ထုတ်လွှင့်ပြသနေတဲ့ SKY NET ရုပ်သံလိုင်းမှ ကိုမင်းကိုနိုင် အမှာစကားပြောကြားရန် စင်ပေါ်သို့ တက်ရောက်ချိန်၌ ရုတ်တရက် ဆင်ဆာဖြတ်တောက်ခဲ့ကြောင်း သိရပါသည်..။
သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ၊ ခါမိခဆဲ...