ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၀၁၀ခုနှစ် ဇူလိုင်လက တပ်ချုပ်ကြီးနဲ့အဖွဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယကို ရောက်ရှိစဉ် မြင်တွေ့ရတဲ့ မြင်ကွင်းရုပ်သံဖိုင်တစ်ခု...

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်ကြီးရဲ့ အနောက်ဘက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစု ကောင်းမှုဆိုပြီး ကမ္ဗည်းထိုး လှူဒါန်းထားတဲ့ ဆင်းတုတော်ပါ...။ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်မှာ ဂီရိ မုန်းတိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ စေတော်ရဲ့ ထီးတော်ကို ပြန်လည်ပြင်ဆင် လှူဒါန်းရာမှာတော့ မိမိနဲ့ တိုင်းပြည်သားများ ကောင်းမှုဆိုပြီး လှူပါတယ်...။ ထိုစဉ်က အလှူ (၂)ခု ကမ္ဗည်းထိုးတဲ့ အနေအထား ကွာခြားချက်ကို နှိုင်းယှဉ် ဖော်ပြတဲ့ ပို့စ် တင်ခဲ့ဘူးပါတယ်။ ကွန်မာန့်မှာ တစ်ယောက် ရေးလာတာကတော့ တပ်ချုပ်ကြီး ဆင်းတုတော်မှာ တိုင်းသူပြည်သားတွေကောင်းမှု ဆိုတဲ့ ကမ္ဗည်း မထိုးတာပဲ ကောင်းပါတယ်တဲ့ နောင်ဘဝအထိ ရေစက် ပါနေမှာ စိုးလို့ပါတဲ့...။
ပြည်တွင်းမှ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?w3e85c9qs6iuzx8
၂၀၁၀ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့က မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်ကြီးကို ညဘက် လာရောက်ဖူးမျှော်စဉ် မြင်တွေ့ရတဲ့ မြင်ကွင်းရုပ်သံပါ....။

ထိုစဉ်က အတူလိုက်ပါလာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း (ယခု ပဲခူးတိုင်း ဝန်ကြီးချုပ်)မှ ဝန်ကြီးဆိုတဲ့ အနေအထားကနေ ရုပ်သံထဲမှတော့  နိုင်ငံခြားရေး ဝန်ကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မလျော်ကန်စွာ လမ်းဖယ် နောက်ဆုတ်ပေးဖို့ ပြောရင်း ဘေးက ဖားပြီးလိုက်လာရသလို "ညနေ(၆)နာရီခွဲက မိုးရွာနေသေးတယ်တဲ့ ဒီမှာသူတို့  ကြမ်းရေပတ် တိုက်နေရတယ်ဆိုတဲို့" အင်မတန် ထူးခြားတဲ့ အကြောင်းအရာတွေကို စကားမရှိ စကားရှာ ပြောဆိုနေတာကို မြင်တွေ့ရမှာပါ...။ ဒါကတော့ တပိုင်းပေါ့...။

တပ်ချုပ်ကြီးနဲ့ ဇနီးတို့အနေနဲ့ မိမိတို့ ပြုလုပ်ခဲ့တဲ့ မကောင်းမှု အကုသိုလ် အပေါင်းတို့ကိုတော့ တဒင်္ဂ ကောင်းမှုကုသိုလ်တွေနဲ့ ချေဖျက်နိုင်မနိုင် ဆိုတာကိုတော့ ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့အတိုင်း နောက်ဆုံးနေဝင်ချိန် ဇာတ်သိမ်းခန်းကို အားလုံးစောင့်မျှော် ကြည့်ကြရမှာ ဖြစ်ပါတယ်..။ သွားလေသူ သမိုင်းတရားခံ ဦးနေဝင်းရဲ့ ဘဝနေဝင်ချိန် မလှပခဲ့တာကိုတော့ အားလုံးသိကြမှာပါ...။ နောက်ဆုံးနေဝင်ချိန်မှ နေအိမ်အကျယ်ချုပ် ဘဝနဲ့အကျဉ်းစံ ဘဝကို နောက်ဘဝဆိုတဲ့ ဘဝမကူးခင်မှာ ဝဋ်ပြန်လည်ခဲ့ပြီး သေဆုံးတဲ့အချိန်မှာတော့ လူအကန့်အသတ်နဲ့သာ သဂြိုလ်ခွင့်ရခဲ့တာပါ...။ သမိုင်းခါးခဲ့သူတွေအတွက် နိုင်ငံတော်ဈာပန ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ပြည်သူတွေရဲ့ ဝမ်းနည်းမျက်ရည် ဆိုတာကတော့ ဝေလာဝေးပေါ့..။

နောက်ဆုံး အာဏာရှင်ကြီးရဲ့ ဇာတ်သိမ်းခန်းနဲ့ အနာဂတ်မှာ သမိုင်းလှမလှ ဆိုတာကိုတော့ လာမယ့် အနာဂတ် မြန်မာ့သမိုင်းမှာ မှတ်ကျောက်တင်ခံရမှာ ဖြစ်ပါတယ်...။ လာမယ့် လွမ်းခန်းတွေ ရောက်ရင် ပြည်သူတွေ မျက်ရည်ဝဲမဝဲ ဆိုတာကတော့.....