ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အာဇာနည်နေ့အကြို အမေ့အိမ်(လှိုင်သာယာ)

အာဇာနည်နေ့အကြို  
အမေ့အိမ်(လှိုင်သာယာ)

ဒီနေ့(17th July) အမေ့အိမ်(လှိုင်သာယာ) ပညာဒါနကျောင်းလေးမှာ (၆၄)နှစ်မြောက် အာဇာနည်နေ့ အကြိုအခမ်းအနားတစ်ခုကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ မနက်(၁၀း၀၀)နာရီမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်(၅)ပါးအား ၀ါဆိုသင်္ကန်း (၇)စုံနှင့် တကွ ဆွမ်းဆက်ကပ် လှူဒါန်းပြီး အာဇာနည် ခေါင်းဆောင်ကြီးများအား ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြပါတယ်။ မနက်(၁၁း၃၀)မှာ အဖွဲ့ ချုပ်မှ လူကြီးများ ဖြစ်ကြသော ကဗျာဆရာ/ စာရေးဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်တို့ က အာဇာနည်နေ့၏ အဓိပ္ပါယ်ကို ကလေးများအား ဟောပြောရှင်းပြပြီး ဆရာဦးအေးဘိုနှင့် ဆရာမင်းမင်းတို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကလေးဘ၀မှ စ၍ နိုင်ငံခေါင်းဆောင် ဖြစ်လာသည့်အချိန်ထိ လေးစား အတုယူသင့်သည့် ရိုးသားဖြောင့်မတ်မူ၊ ဂတိသစ္စာတည်ကြည်မူ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမူ များကို ရှင်းလင်းဟောပြော ခဲ့ကြပါတယ်။ ထိုနောက် ကလေးများရဲ့
အာဇာနည် ပုဂ္ဂိုလ်ကြီးများရဲ့ တစ်ဦးချင်း အတ္ထုပတ္တိဟောပြောခြင်း၊ ကလေးများရဲ့ အာဇာနည်နေ့ ကဗျာရွတ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအစီအစဉ်တို့ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အခမ်းအနား တက်ရောက်လာကြတဲ့ ကလေးများအားလုံးအား အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဓါတ်ပုံ၊ ဗလာစာအုပ်၊ ခဲတံ နှင့်ကြာဆံကြော် တစ်ထုပ်စီကို လှူဒါန်းပေးအပ်ခဲ့ ကြပါတယ်။ အမေ့အိမ်ပညာဒါန ကျောင်းလေးရဲ့ ပထမအကြိမ် အာဇာနည်နေ့ အခမ်းအနားသည် ကလေးများအတွက်လည်း ပထမဆုံး ဘ၀အတွေအကြုံအဖြစ် အမှတ်တရ နဲ့သူတို့လေးတွေရဲ့ ရင်ထဲကိုအာဇာနည် စိတ်ဓါတ် မျိုးစေ့ချ ပေးနိုင်ခဲ့လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။

လေးစားစွာဖြင့်
ကိုငယ်( ၀၉၅၁၆၂၀၆၀)
သားအတွက် ဂုဏ်ယူနေတဲ့ မိခင်အပြုံး
အနာဂတ်ရဲ့ ခေါင်းဆောင်လေးများ....