ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ လှုပ်ရှားမှုသတင်းများ....

လာမယ့် (၁၀)ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ထူးမြတ်တင့်ကဲ စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ဖိတ်ကြားလွှာ၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စစ်အခွန်ရုံးရှေ့မှာ ကျင်းပပြုလုပ်တဲ့ 7th July နေ့အခမ်းအနား၊ အညတရသူရဲကောင်း တိုက်တွန်းနှိုးဆော်ချက်နှင့် ရံပုံငွေခရီးစဉ် တို့ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်....။


အားလုံးသော သဒ္ဓါကြည်လင် ပါရမီရှင်များအား မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်---

မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သားသာဝက ရဟန်းသံဃာတော်အရှင်သူမြတ်များ ဝါတွင်းသုံးလ မည်သည့် နေရာမျှ အကြောင်းမဲ့ ခရီးသွားလာခြင်းမပြုဘဲ မိမိတို့သီတင်းသုံးရာ ကျောင်းတိုက်၌သာ သီတင်းသုံး နေထိုင်လျက် ဂန္ဓဓုရ၊ ဝိပဿနာဓုရ နှစ်ဖြာဓုရ ကျင့်သုံးရမည်ဟူသော ပညတ်တော်မူခဲ့သည့် ဝိနည်းဒေသနာတော်နှင့်အညီ မိမိတို့ မှီတင်းနေထိုင်ရာ ဂျပန်နိုင်ငံ၌လည်း တိုကျိုမြို့ နာဂိုယာမြို့၊ အိဘရကိမြို့၊ ခိတကျူရှုးမြို့များ၌ မိမိတို့မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလ သီတင်း သုံးတော်မူလျက်ရှိကြပါသည်။ ထိုဆရာတော် သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလ သုံးဆောင်နိုင်ရန်အတွက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကြီးကို နှစ်စဉ်မပျက် ကျင်းပမြဲနေရာဖြစ်သော တိုကျိုမြို့၊ အိတဘရှိ- ရပ်ကွက်၌တည်ရှိသော ထေရဝါဒ ပရိယတ္တိကျောင်းတော်ကြီး (MCWA) ၌ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ ၁၀-ရက်၊ တနင်္ဂနွေနေ့ (မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)တွင် အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမြော် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အစီအစဉ်

နေရာ။ ။ ထေရဝါဒ ပရိယတ္တိကျောင်းတော်(MCWA) ၊ အိတဘရှိ၊ နကချော ၃၉-၁၊ တိုကျိုမြို့
နေ့ရက်။ ။ ၁၀-၇-၂၀၁၁-ခုနှစ်၊ တနင်္ဂနွေနေ့ (၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)
အချိန်။ ။ နံနက် ၁၀း၃၀ ခန့်အချိန်တွင် ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။

နံနက် ၁၂း၀၀ အချိန်တွင် နေ့လည်စာ အတူတကွ သုံးဆောင်ကြပါမည်။
နေ့လည် ၁း၃၀ ခန့်အချိန်တွင် ပင့်ဖိတ်အပ်သည်ဖြစ်၍ အရပ်လေးမျက်နှာမှ ကြွရောက်တော်မူ ကြကုန်သော သံဃာတော် အရှင်သူမြတ်များအား စေတနာသုံးတန် ပြဋ္ဌာန်းကာ ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်၊ စုပေါင်းရေစက်ချ အမျှဝေကြမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ဆရာတော်သံဃာတော်များအတွက် ဝါဆိုသင်္ကန်းကို မိမိတို့မြန်မာဘုန်းတော်ကြီး ကျောင်းတွင် တစ်စုံလျှင် ယန်းသုံးထောင်နှုန်းဖြင့် ဝယ်ယူပူဇော်ကပ်လှူနိုင်ပါသည်။ သီးသန့်ဆွမ်း အလှူရှင်များ အနေဖြင့်လည်း ကြွရောက်လာကြကုန်သော ဧည့်ပရိသတ်တို့အား ဧည့်ခံ ကျွေးမွေးနိုင်ရန် အလှူဒါနများပြုလုပ်နိုင်ပါသည်။

ဆက်သွယ်လှူဒါန်းရာဌာန

BANK ACCOUNT NUMBER --5559115(FUTSU),
OOMORI BRANCH, MIZUHO BANK
ITABASHI-KU NAKACHO-39-1, TOKYO, JAPAN
PHONE 03-3973-3348 080-4171-9333}

၄၉နှစ်မြောက် 7th July နေ့အခမ်းအနား (ဂျပန်)မှတ်တမ်း ဓာတ်ပုံ

ဓာတ်ပုံ ကိုမောင်ထူး....
အညတရသူရဲကောင်းတိုက်တွန်းနှိုးဆော်ချက်နှင့် ရံပုံငွေခရီးစဉ်