အနှစ်မရှိသည့်တော ကြက်ဆူပင်ကမင်းမူ ကဗျာရှင် (ဇော်ဝင်း)
အနှစ်မရှိသည့်တော ကြက်ဆူပင်ကမင်းမူ
ကဗျာရှင် (ဇော်ဝင်း)
နှစ်ပေါင်းရှည်ကြာ
ရာသီတွေ အလီလီပြောင်းလို့
ရာစုသစ် တစ်ဘက်ကို
ကျော်လွန်ခဲ့ပေမဲ့ မေ့မရတဲ့
အာဇာနည်ခေါင်းဆောင်ကြီးတွေက
ပြည်သူတွေ ရင်ထဲမှာ
ယနေ့တိုင် ရှင်သန်နေဆဲပါ၊
ပွဲအလန့်မှာ ဖျာဝင်ခင်း
ပြည်သူတွေကို မိုက်ကြေးခွဲ
ကျောင်းသားတွေကို ချေမှုန်း
အင်္ဂလန်မှာ ငွေတွေဖြုန်းခဲ့တဲ့
စနေကောင် ငမိုက်သား တစ်ဦးရယ်ကြောင့်
ရိုင်းခဲ့ပေါ့ ရာဇ၀င်တွေ၊
အာဏာရှင် ဘုရင်ရူး
တစ်ခေတ်ထူးလို့
ပူးပေါ်လာပြန်တော့
ကျောင်းသား၊ ပြည်သူ
ရပာန်းရှင်၊ လူပါမချန်
အသက် စတေးခံခဲ့ရ ပြန်လေပြီ
ဖျောက်ပြစ် ကဗျာ ငွေအသပြာပေါ်က
သူရဲကောင်းတွေရဲ့ အကြောင်း
မသိရလေအောင်
ကွယ်ဝှက် သမိုင်း
အလွန်ပင် ရိုင်းပြီ
ဖခင်နေရာမှာ
ဒင်းဓါတ်ပုံ ထားလို့
လုပ်ရပ်ပါပေ့
ဗိုလ်ချုပ်မှူးကြီးရယ်
ပြည်သူ့ ရင်ပြင်မှာ မတက်သာစိတ်
အံကြိတ်ကာ မြိုသိပ်နေလေတော့
နောင်လာနောက်သား လူငယ်များအတွက်
သမိုင်းမသိ တေမိပမာ
အ အ ပကတိ ဖြစ်တော့မည်...
မမှန်မျိုးစေ့ လေ့ကျပေါက်နှင့်
အနှစ်မရှိသည့်တော ဖြစ်ဖွယ်ရှိသော
တိုင်းသားပြည်သူ လူထုအများကို
ငါသာကြက်ဆူ မင်းမူမယ်ပော့လို့
အရှက်မရှိ ကြွေးကြော် နေချင်ကြလေရဲ့...
ဇော်ဝင်း