ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲ.. သတင်း၊ မှတ်တမ်း..

မြန်မာအစိုးရသစ်၏ ဖိတ်ကြားချက်အရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၁၁ ခု၊ ဇူလိုင်လ(၂၅)ရက် နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် ပြည်တွင်းပြည်ပ သတင်းဌာနများသို့ ပြည်ထောင်စု ၀န်ကြီးဦးအောင်ကြည်မှ (ပြည်သူလူထုများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ အခွင့်အလမ်းများရရှိနိုင်မှု၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ အများပြည်သူ အကျိုးစီးပွါး ဖြစ်ထွန်းစေရေး ကိစ္စနှင့် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံပါဦးမည်) ဟုပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ (ဘယ်သူတွေနဲ့ ဘယ်လိုကိစ္စပဲပြောပြော ကျမတို့ရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံနဲ့ တိုင်းပြည်သူ ပြည်သားများ အကျိုးပြုဖို့ အတွက်ကိုပဲ ရည်ရွယ်ပါတယ်)ဟု ပြောကြားခဲ့ပါသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့သော စစ်အစိုးရလက်ထက်တွင် မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေး ဝန်ကြီးအဖြစ် ၂ဝဝ၇ အောက်တိုဘာလတွင် စတင်တာဝန်ပေးအပ်ခြင်း ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် (၉)ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ယခုသမ္မတဦးသိန်းစိန်၏ အစိုးရသစ် တက်ရောက်လာသည့် အချိန်တွင် အစိုးရသစ်နှင့် ပထမဆုံးအကြိမ် စတင်တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်ဟု သိရှိရပါသည်။

သတင်း... ဓာတ်ပုံ၊  ဒီမိုကောင်းကင်...