ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက ကျွန်တော်မျိုး Mr.Dunkley ထောင်ဒဏ်(၁)လ..

 မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley နောက်ဆုံးအမှု ရုံးချိန်းရင်ဆိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တရားရုံးသို့ ဇွန်လ(၃၀)ရက်၊ နေ့လည်(၂)နာရီအချိန်ခန့်က ရောက်ရှိလာစဉ်
Mr Ross Dunkley နှင့် မြန်မာတိုင်းမ်ဂျာနယ်မှ အမှုဆောင်လူကြီးတစ်ဦး
မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkleyမှ၎င်းးအား တရားရုံးက ချမှတ်သည့် အမိန့်အပေါ် ကျေနပ်ခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများသို့ပြောကြားနေစဉ်...
မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkley တရားရင်ဆိုင်ရာ ကမာရွတ်မြို့နယ်တရားရုံး

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ၊ ကမာရွတ်မြို့နယ်တရားရုံးတွင် မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley ၏အမှုကိုယနေ့ ၂၀၁၁ခု၊ဇွန်လ(၃၀)ရက်နေ့နေ့လည်(၂)နာရီတွင် အပြီးသတ်အမိန့်ချ မှတ်ခဲ့ပါသည်။ ကမာရွတ်မြို့နယ်တရားသူကြီးမှ မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkleyသည် တရားလို မခိုင်ဇာလင်းအား နာကျင်စေခဲ့သောအမှု ဥပဒေပုဒ်မ (၃၂၃)အရ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရသဖြင့် ထောင်ဒဏ်(၁)လ ပြစ်ဒဏ်ကျခံစေရန်နှင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားသဖြင့် လ၀ကအက်ဥပဒေ (၁၃(၁) အရ ဒဏ်ငွေ(၁)သိန်းကျပ် တိတိပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ပါသည်။ အပြစ်ပေးခံရသော ထောင်ဒဏ်(၁)လကို တရားခံ) မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley အား ပြစ်မှုရင်ဆိုင်နေစဉ်အတွင်း ချုပ်နှောင်ထားခဲ့သော ရက်ပေါင်း(၄၄) ရက်ဖြင့် ကြေစေကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ ယင်းစီရင်ချက်နှင့် ပတ်သက်၍ Mr Ross Dunkley မှ ၄င်းတွင် အပြစ်လုံးဝမရှိကြောင်း၊ တရားလို မခိုင်ဇာလင်းအားလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း မရှိကြောင်း၊ ယခုချမှတ်သည့် အမိန့်အပေါ်တွင်လည်း ကျေနပ်ခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများသို့ ပြောကြားသွားခဲ့ပါသည်။

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

ကိုယ်တိုင် ဂျာနယ်လစ်တစ်ယောက်အပြင် သတင်းဂျာနယ် ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ မစ္စတာဒန်ကလေရဲ့ မြန်မာအာဏာရှင်များ၏ မတရားတဲ့ တရားဥပဒေစီရင်ချက်တွေနဲ့ ကျွန်န်ုပ်၏ ၄၄ရက်ကြာ အင်းစိန်ထောင်တွင်း ကိုယ်တွေ့ စွန့်စားခန်း မှတ်တမ်းများကိုတော့ များမကြာမှီ အများပြည်သူ ဖတ်ရှုရမည်ဟု မျှော်လင့် မိပါကြောင်း...