ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား....

(၆၄)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အား အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ ပူးပေါင်းပြီး အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပကြပါတယ်။ နံနက်၅နာရီမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးပြီးဆွမ်း၊ သင်္ကန်း ဆပ်ကပ်လှုဒါန်း၊ ရေစက်သွန်းချ အမျှဝေပါတယ်။
နံနက်၇နာ၇ီမှာ အာဇာနည်နေ့ ဂုဏ်ပြုတေးများနဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများဖွင့်ပြီး မြို့နယ်ခံများအား မုန့်ဟင်းခါးများ ဝေငှခဲ့ပါတယ်။ ထို့နောက် ဒီမိုကရေစီအင်အားစုများကို မုန့်ဟင်းခါး ဖြင့်တည်ခင်းဧည့်ခံပြီး (၆၄)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းရုံး ကျင်းပရာ အခမ်းအနားမှုးအဖြစ် ရွှေပြည်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ဦးသိန်းအောင်မှ အစီအစဉ်ကြေငြာပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံအား အလေးပြုပါတယ်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပါတယ်။ 
ထို့နောက် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများအား အလေးပြုပြီး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသူ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူအပေါင်း ကိုအလေးပြုကြပါတယ်။ သဘာပတိအဖြစ် စာရေးဆရာ မုံရွာအောင်ရှင်မှ သဘာပတိ အမှာစကား ပြောကြားပါတယ်။ ထို့နောက် အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်လဲဖြစ်၊ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားမှု တာဝန်ခံ ကိုလူမော်လတ်မှ အာဇာနည်နေ့ အထိမ်းအမှတ် ကျင်းပရတဲ့ အကြောင်းအရင်းကို ပြောကြားခဲ့ပါတယ်။ ထို့နောက် ကဗျာဆရာများမှ အာဇာနည်နေ့ ဂုဏ်ပြုကဗျာများအား ဖတ်ကြားခဲ့ပြီးနောက် အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်..။