ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အာဇာနည်နေ့မှာ မြန်မာနိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့မချပဲ အပြည့်လွှင့်ထူထားတဲ့ တိုကျိုမြို့က မြန်မာသံရုံးရဲ့ စော်ကားချက်...

မြန်မာစစ်အခွန်ရုံးရဲ့ ဘေးဘက်မှ မြင်ကွင်း ဒီပုံကတော့ သံရုံး အဆောက်အဦးရဲ့ အပေါ်က အလံတိုင်ပါ..
သံရုံးမျက်နှာစာကမြင်ရတဲ့ အလံတိုင် မြင်ကွင်း...

ယနေ့ ဇူလိုင်လ ၁၉ရက်နေ့ဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့  (၆၄)နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့ရောက်တိုင်း အစိုးရရုံးများနဲ့ နေအိမ်များမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံတော် အလံကို တိုင်တဝက်သို့ လျှော့ချလွှင့်တင်ပြီး အာဇာနည်ကြီးတွေကို ဂုဏ်ပြုခဲ့ကြတာပါ...။

ယနေ့ကျရောက်တဲ့ အာဇာနည်နေ့မှာတော့ တိုကျိုမြို့ ရှိနာဂါဝရပ်ကွက်ရှိ မြန်မာသံရုံးခေါ် စစ်အခွန်ရုံးမှာတော့ အလံတိုင်ကို တိုင်တဝက်သို့ လျှော့ချ လွှင့်ထူရမည့်အစား ပုံမှာ မြင်ရတဲ့အတိုင်း တိုင်အပြည့် လွှင့်ထူထားတာကို သံရုံးမျက်နှာစာနဲ့ သံရုံးအဆောက်အဦးအပေါ်ရှိ အလံတိုင်(၂)ခုလုံးမှာ မြင်တွေ့ကြရမှာပါ...။ ဒါဟာ လွတ်လပ်ရေးဖခင်ကြီးနဲ့ အာဇာနည်ကြီးတွေကို အလေးမမူ စော်ကားတာလား...။ ဒါမှမဟုတ် နေပြည်တော် အားရ တိုကျိုသံရုံး ပါးဝစေတဲ့ လုပ်ရပ်လားဆိုတာ လုပ်ဆောင်သူတွေ အသိဆုံးပါပဲ..။

ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍအား တစတစ မှေးမှိန်ပျောက်ပျက်အောင် လုပ်ဆောင်နေကြတဲ့ စစ်အာဏာရှင်များနှင့်  တိုကျိုမြန်မာသံရုံး၏ လုပ်ရပ်အား အပြင်းအထန် ကန့်ကွက် ရှုံချပါသည်...။
ယနေ့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှ အလံတိုင် မြင်ကွင်း
(ဓာတ်ပုံ AP)
ဓာတ်ပုံ ဦးသန်းဝင်း၊ ဒီမိုဝေယံ