ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် အမှတ်တရအခမ်းအနား (သတင်း၊ ဓာတ်ပုံ)

ဒီကနေ့ ကျရောက်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ (၄၇)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား စမ်းချောင်းမြို့နယ်၊ ကျွန်းတော ဘုန်းကြီးကျောင်း၌  ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိသားစုဝင်များမှ ဦးစီးကျင်းပခဲ့ပါတယ်...။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည်နေ့  အထိမ်းအမှတ် အခမ်းအနားအား နံနက်ပိုင်းမှာ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူဒါန်းပြီး၊ ဒီမိုကရေစီ အင်အားစုများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံပါတယ်။ ထိုဧည့်ခံနေချိန်မှာပင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အခမ်းအနားကို အကျဉ်းရုံးကျင်းပရာ အခမ်းအနား ဦးဆောင်ကျင်းပသူများမှ အထိမ်းအမှတ်ပွဲ ကျင်းပရခြင်း အကြောင်းအား ရှင်းလင်းပြောပြပြီး၊ ဆရာကြီး၏ စာပေနဲ့ကဗျာများအား ကဗျာဆရာများမှ တစ်ဦးဆီ ဖတ်ကြားကြပါတယ်။ ထို့အတူ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအမှတ်တရ ဓါတ်ပုံ ပို့စကဒ်များဝေငှကြပါသည်။
 
ထို့နောက် ၁၀း၃၀မိနစ်ကျော်တွင် အထိမ်းအမှတ်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်လာပြီး တက်ရောက်လာသော လူကြီးများအား လိုက်လံနှုတ်ဆက်ပါတယ်။ ထို.နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကား ပြောကြားပြီး သခင်ကိုယ်တော်မှိုင်းမိသားစုဝင်များနှင့် တရင်တနှီး တွေ့ဆုံနှုတ်ဆက် မှတ်တမ်း ဓါတ်ပုံရိုက်ယူခဲ့ပြီး ပြန်လည်ထွက်ခွာသွားပါတယ်။ ထို့နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ဂုဏ်ပြုသည့် တေးသီချင်းနှစ်ပုဒ်ဖြင့် တက်ရောက်လာကြသူများမှ ဖျော်ဖြေခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မိသားစုဝင်များနှင့် မိတ်ဆွေများ၊ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများ၊ ဒီမိုကရေစီအင်အားစုများမှ ရွှေတိဂုံခြေရင်းရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအုတ်ဂူ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်၏ အုတ်ဂူနှင့် ငြိမ်းချမ်းရေးဗိသုကာကြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်၏ အုတ်ဂူများသို့ သွားရောက် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။


ကိုလူမော်လတ်(တာဝန်ခံ)

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ