ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

BG သွေးအကူအညီ၏ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် (အသိပညာအတတ်ပညာ သင်ကြားပေးရေး ပညာဒါန)

နိုင်ငံ၏အရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်။ ပြည်သူကိုမညာပါနဲ့
ပြည်သူကိုညာရင် ပြည်သူက ညှာလိမ့်မည်မဟုတ်...

ကိုညီ
တာဝန်ခံ
(ဗမာနိုင်ငံလုံးဆိုင်ရာ BG သွေးအကူအညီပေးရေး )

(BG ပညာဒါနနှင့်အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေး )
(ဆက်သွယ်ရန် အကြံပေးရန် ၊ ဝေဖန်ရန် - ဖုန်း - ၀၉-၄၉၃၂၈၀၅၅ ၊ ၀၉-၇၃၀၇၉၇၉၂)

BG သွေးအကူအညီ၏ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် 
(အသိပညာအတတ်ပညာ သင်ကြားပေးရေး ပညာဒါန)
၂၀၀၆ မှ စတင်၍ သွေးအကူအညီပေးခဲ့သည်။ ၈၈ မျိုးဆက်သစ် ကျောင်းသားများ (ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ) ၏ စိတ်ကူး ၊ ၂၀၁၀ ဆယ်နှစ်လပိုင်း (၁၁) ရက်နေ့မှ စတင်၍ အမေစု လွတ်မြောက်မှု အကြိုအဖြစ် လူထုအင်အားကိုယူ၍ ရန်ကုန်မြို့ရှိ ဆေးရုံတိုင်းတွင် သွေးအကူအညီပေးခဲ့ရာ ပြည်သူနှင့် ဆေးရုံဆရာဝန်များ၏ ထောက်ခံမှုဖြင့် BG (Blood Group @ Bo-Gyoke ) ဟူ၍ အမည်တွင်ခဲ့သည်။ ယခုဆိုလျှင် မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ကချင်ပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ်များတွင် သွေးအကူအညီပေးရေး အဖွဲ့များဖွဲ့နိုင်ခဲ့သည်။ လူငယ်မျိုးဆက်သစ်များစွာ မွေးထုတ်နိုင်ခဲ့သည်.။

ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယနေ့အထိ သွေးအလုံးရေ (၃၀၀၀) ၀န်းကျင်ခန့် လှူဒါန်းနိုင်ခဲ့ပြီး လူနာများ၏အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။ လူမှုရေး လုပ်ငန်းများဖြင့်လည်း ရေရှားပါးသော နေရာများတွင် ရေတုံကင်လှူဒါန်းပေးခြင်း၊ အ၀တ်အထည်များ လှူဒါန်းပေးခြင်း၊ ချို့တဲ့နွမ်းပါးသော ကလေးငယ်များအတွက် အာဟာရတိုက်ကျွေးခြင်းများ အပြင် ယခုဆိုလျှင် နောက်ထပ် ခြေလှမ်းသစ် တစ်ရပ်အနေဖြင့် မိဘမဲ့ လေလွင့် အမှိုက်ကောက် ကလေးငယ်များ၏ ပညာရည် တိုးတက်မြင့်မားရေးအတွက် အသိပညာ အတတ်ပညာများအား သင်ကြားပေးသော အခမဲ့ ပညာဒါနကျောင်းအား (၁၇ - ၇ - ၂၀၁၁) နေ့ နံနက် ကိုးနာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားခြင်းအစီအစဉ်ကို (၂၃ - ၇ -၂၀၁၁ ) တွင် စတင်ခဲ့ပါသည်။
ကွန်ပြူတာအခြေခံသင်တန်းအတွက် သင်တန်းသား (၁၀၀) ကျော်ကို Section - A , B , C ခွဲ၍ သင်ကြားလျက်ရှိပါသည်။ လေလွင့် ကလေးငယ် (၇၅) ယောက်အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို တစ်ပတ်နှစ်ရက် သင်ကြားပေးပြီး သင်ကြားပြီးသည်နှင့် ထမင်းအာဟာရ ဆက်လက်ကျွေးမွေးပါသည်။ အသက်မွေးဝမ်းကြောင်းပညာများကို ရှစ်လပိုင်း လဆန်းပိုင်းမှစ၍ သင်ကြားသွားမည်ဖြစ်သည်။ အခက်အခဲများရှိသော်လည်း ယုံကြည်မှုကိုအားပြု၍ ဆက်လက် ကြိုးစားသွားမည်ဖြစ်သည်။

ကိုညီ
တာဝန်ခံ
(ဗမာနိုင်ငံလုံးဆိုင်ရာ BG သွေးအကူအညီပေးရေး)