ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့နေပြည်တော်သို့ ပါတီမှတ်ပုံတင်ရန် ရောက်ရှိလာတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ ဓာတ်ပုံ မှတ်တမ်း ...

ယနေ့နေပြည်တော်သို့ ပါတီမှတ်ပုံတင်ရန် ရောက်ရှိလာတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ ဓာတ်ပုံ မှတ်တမ်း (ဓာတ်ပုံ AP)
ဤသို့ ပြုံးပြုံးရွှင်ရွှင် မြင်တွေ့ရစဉ်..
ကာကွယ်ရေးဦးစီးချုပ်ဟောင်း အဖွဲ့ချုပ်ခေါင်းဆောင် ဘဘဦးတင်ဦးအတွက် အမှတ်တရလက်ဆောင်အား သူရဦးရွှေမန်းမှ အမေစုမှတဆင့် ပေးအပ်ပါတယ်..
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံစဉ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ တွေ့ဆုံစဉ်
အများမျှော်လင့်နေတဲ့ (၆၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်အနှံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်လာပြီး၊ နယ်စပ်ဒေသတွေက ပြည်တွင်းစစ်မီးကြီးကို အစိုးမှ စေတနာစစ်စစ်၊ စေတနာသန့်သန့်နဲ့ ရပ်ဆိုင်းညှိနှိုင်းပေးမယ် ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား.. ကျွန်တော်တို့ ပြည်သူအားလုံး လှိုက်လှဲဝမ်းသာစွာနဲ့ ကြိုဆိုဖို့ စောင့်မျှော်နေကြပါတယ်..။ 
 အမေစု လုံခြုံရေးလိုက်ပါလာတဲ့ ကိုဇေယျာသော်
ဓာတ်ပုံများ AP,GETTY IMAGES