ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဧရာဝတီ မြစ်ဆုံဒေသမှ တရုတ်နဲ့ ဖက်စပ်ရွှေတူးဖော်ရေး လုပ်ငန်း ဓာတ်ပုံများ...

ယခုနှစ် ၇လပိုင်းက ဧရာဝတီ မြစ်ဆုံဒေသမှ တရုတ်နဲ့ ဖက်စပ်ရွှေတူးဖော်ရေး လုပ်ငန်း ဓာတ်ပုံတွေပါ။ ဒီဒေသက မြေကြီးတွေကိုပဲ တရုတ်က မြစ်ဆုံဆည် စီမံကိန်းမှာ (၂)နှစ်တာ ကာလအတွင်း ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ ညစဉ် အစစ်အဆေးမရှိ မြေသယ်ကား အစီးရေရာနဲ့ချီပြီး  သယ်ထုတ်ခဲ့တာပါ..။ စဉ်းစားသာ ကြည့်ကြပါ...။

တို့တိုင်းပြည် မိအေးနှစ်ခါ နာတဲ့ အဖြစ်မျိုး ဖြစ်နေရပြီဆိုပြီး မြစ်ဆုံဒေသကို ကိုယ်တိုင် ကိုယ်ကျ အပင်ပန်းခံ၊ သွားရောက် လေ့လာ မှတ်တမ်းတင်ပြီး မျက်မြင် ကိုယ်တွေ့တွေကို ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ ပြောပြခဲ့လို့ သိခွင့်ရခဲ့တာပါ..။ (ဆရာတော် ပြောပြချက်)။ ယခုဆရာတော်လည်း ပြည်တွင်း NGO တွေကို စုစည်းတွေ့ဆုံမှုနဲ့ တစ်နှစ် တရားဟောခွင့် ပိတ်ပင်တာ ခံနေရပါတယ်..
ဓာတ်ပုံ... SM(Kuminn), Demowaiyan
သတင်းဓာတ်ပုံတွေ ဆက်လက် ဖော်ပြပေးပါမယ်...။