ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြစ်ဆုံဆည် စီမံကိန်း တကယ်ရပ်ဆိုင်းပြီလား...

 ပြီးခဲ့တဲ့ စက်တင်ဘာ (၃၀)ရက်နေ့ က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်မှ ကြေငြာခဲ့ပါတယ်...။ ယခုဆိုရင် စီမံကိန်း ရပ်ဆိုင်းပြီး ၂လခွဲခန့်ကာလကို ရောက်ရှိနေပါပြီ။ လက်ရှိ မြစ်ဆုံဆည် ပတ်သတ်တဲ့ အခြေအနေ မြင်ကွင်းတွေကိုတော့ သတိထား စောင့်ကြည့်ဖို့ လိုပါမယ်...။ ဒီနေ့(SM ကူမင်း) ပေးပို့လာတဲ့ သတင်းဓာတ်ပုံတွေမှာတော့ ၂၀၁၁. ၁၂. ၆ရက်နေ့ ရက်စွဲပါ ဓာတ်ပုံတွေကို တွေ့မြင်ရမှာပါ...။
 မြစ်ဆုံဆည် စီမံကိန်း တကယ်ရပ်ဆိုင်းမှုရှိမရှိ ဆိုတာကိုတော့ မြန်မာပြည်တွင်းမှ သတင်း၊ မီဒီယာများ သွားရောက် လေ့လာခွင့်ပေးမှ အဖြေမှန်ကို ကျွန်တော်တို့ ပြည်သူတွေ မြင်ခွင့်၊ ကြားခွင့် သိခွင့်ရရှိမှာ ဖြစ်ပါတယ်...။