ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မြန်ပေး၊ မြန်မြန်ဆပ်...

မြန်မြန်ပေး၊ မြန်မြန်ဆပ်
၁.၁.၂၀၁၂ ရက်နေ့တွင် ကျရောက်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ (၁၁) နှစ်ပြည့်အား ကြိုဆိုလျှက် (၁၁) မီးငြိမ်းမယ့် (၁၁) နှစ်ပြည့်ပွဲ အမှတ်တရ . . . .
"မြန်မြန်ပေး၊ မြန်မြန်ဆပ်"

- မျိုးဆက်အတွက်မငဲ့
နင့်ထိုက်၊ နင့်ကံ၊ နင်ခံအလှည့်
တစ်ဘ၀စံစိတ်နဲ့
တာ့တာ ဘိုင်းဘိုင် လုပ်ရင်တော့
သေရင်ပြီးတယ်။

- မျိုးဆက်သစ်အတွက်စဉ်းစား
(ကိုယ့်အလှည့်မှာများ)
ကောက်ရိုးပွေ့ သွားမိခဲ့တယ် ဆိုရင်တောင်
ရောက်ခဲ့၊ လျှောက်ခဲ့ရာ လမ်းတစ်လျှောက်
အမှိုက်ပြန်ကောက်ရင်း လမ်းရှင်းပေးချင်စိတ်မွေး
မသေခင်၊ မသွားခင်လေး
သမိုင်းပေးတာဝန် ကျေခွင့်ရတာမဟုတ်လားဗျာ
(ကျွန်တော်တို့လည်း)
ဘာကြာတော့မှာမို့လို့လဲ...
အခါမလွန်မီလေး ပေးစရာရှိမြန်မြန်ပေး
ဆပ်စရာရှိ မြန်မြန်ဆပ်
မပေးမဆပ် တာဝန်မကျေမီများ
သေရွာသွားခဲ့ရင်
မြေကြီးကပြောလိမ့်မယ်
သားရေပေါ်အိပ် သားရေနားစားသူလို့။
နှောင်းလူတို့က ဆိုလိမ့်မယ်
တစ်ဘ၀စံစိတ်ထားနဲ့ လူ့ရွာမှာလာ၊ လမ်းသလားခဲ့ သူကြီးလို့။

ကိုမျိုး(မြန်မာစာ)
မျိုးဆက်သစ်များကိုကြိုဆိုလျှက် ဦးကျော်သူအတွက် မှတ်မှတ်ရရ။