ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပိုလန်နိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များ..

ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် (၈)ဦးဟာ ဒီဇင်ဘာလ ၁၁ရက်နေ့မှ ၁၇ရက်နေ့အထိ ပိုလန်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါတယ်..။

ပိုလန်နိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး Mr.Krzysztof Stanowski နဲ့တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီးက ပိုလန်နိုင်ငံရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေး အခြေအနေများအား ရှင်းလင်းပြောပြခဲ့ပါတယ်..။ ထို့နောက် ပိုလန်သတင်းထောက်များ၊ ဂျာနယ်လစ်များနဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်..။ ပိုလန်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း ပိုလန် လူမှုရေး အဖွဲ့အစည်းများ၊ လူအခွင့်အရေး အဖွဲ့အစည်းများ၊ ပိုလန်လွှတ်တော် အမတ်များနဲ့ တွေ့ဆုံခဲ့ပြီး အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပါတယ်..။
ပိုလန်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနရဲ့ ဖိတ်ခေါ်မှုကြောင့် သွားရောက် လေ့လာခွင့်ရခဲ့တဲ့ ယခုခရီးစဉ်ဟာ ပြောင်းလဲ တိုးတက်လာတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ၂၃နှစ်တာကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ ပထမဦးဆုံး သွားရောက်ခွင့်ရခဲ့တဲ့ ဥရောပ ခရီးစဉ်လည်း ဖြစ်ပါတယ်..။
NLD Youth Members Visited Poland

On invitation of the Foreign Ministry of Poland, eight members of NLD Youth visited Poland on 11th through 17th December and came back to Burma on 18th December, 2011. NLD youth team led by Ma Aye Aye Nyein (Information Department) composed of Ko Nyi Nyi Min (South Dagon Township), Ma Kyi Pyar (office - NLD youth), Ma Thuzar Myint (teacher – NLD English Course), Ma Hnin Win Aung (Pegu Division Youth), Ma May Latti (teacher – Aung San Jarmon library), Ko Win Maw (Indakaw Township youth) and Ma Cho Cho Aung (Democracy Network).
During their visit, they met with Poland Deputy Foreign Minister Mr.Krzysztof Stanowski who explained them developments of current political situation. After the meeting, the team held a press conference with reporters and journalists from Poland. Moreover, under the arrangement of Foreign Affairs Ministry, they met with organizations working for democracy and human rights, Members of Parliament, social organizations and civil society organizations, and exchanged experiences with them.

According to the program, the team also visited Czosnow city on 13th December and met with responsible persons from the City Council and discussed about city administrative models and projects. They also visited primary and middle schools of the town. On 15th December, the team attended the European Development Day held in Warsaw and met with different organizations from European countries.

ကိုငယ်အား ကျေးဇူးတင်ပါသည်...။