ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့အိမ်နှင့် စေတနာဆရာဝန်များ....

အမေ့အိမ်နှင့် စေတနာဆရာဝန်များ....

ပြီးခဲ့သော(၁၈.၁၂.၁၁) တနင်္ဂနွေနေ့က Dr. ဦးကျော်သိန်း ဦးဆောင်သော ကျန်းမာရေးကူညီမူအဖွဲ့ (မင်္ဂလာတောင်ညွန့်)မှ ဆရာဝန်(၂)ဦး၊ သူနာပြု(၂)ဦးနှင့် စေတနာဆေးအလှူရှင်များအသင်း (မင်္ဂလာဈေး)တို့ ပူးပေါင်းကာ အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)တွင် ပညာသင်ကြား နေကြသော ကလေးငယ်များအား Medical check up ပြုလုပ်ပေးခြင်း၊ လိုအပ်သောဆေးဝါး ကုသမူများ ပေးခဲ့ကြသည့်အပြင် ကလေးငယ်များအားလည်း အဟာရမုန့်များပါ ကျွေးမွေး လှူဒါန်းခဲ့ကြပါတယ်။ မွန်မြတ်သောဒါနမို့ အားလုံးကြည်နှူးဝမ်းသာ သာဓုခေါ်နိုင်ရန် မျှဝေလိုက်ပါသည်။

ကိုငယ် (၀၉ ၅၁၆၂၀၆၀)
အမေ့အိမ်ပညာရေးကော်မတီ၊
လှိုင်သာယာ