ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီ နာနတ်သီးစက်ရုံမှာ တရားရေအေး တိုက်ကျွေး ဟောကြားတော်မူသည့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီး တရားပွဲ သတင်း၊ ဓာတ်ပုံ..

 ယနေ့ နာနတ်သီးစက်ရုံ တရားပွဲ မြင်ကွင်း
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တရားရေအေး တိုက်ကျွေး ဟောကြားတော်မူရန် အတွက်... ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးနဲ့ ရွှေညဝါ ပညာ့ဗိမ္မာန် အတွင်းရေးမှူး ဆရာတော် ဦးသူရိယတို့ဟာ ဒီဇင်ဘာလ  (၂၇)ရက်နေ့ နေ့လည် (၁)နာရီက လေကြောင်းခရီးဖြင့် ကြွရောက် ရောက်ရှိလာပါတယ်..။
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ(၂၇)ရက်နေ့မှ ဇန္နဝါရီလ (၁၀)ရက်နေ့ထိ သီတင်းသုံး နေထိုင်စဉ် အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား မိသားစုများအား တရားရေအေး တိုက်ကြွေးမှာ ဖြစ်ပါတယ်...။ ယနေ့ (၂၈)ရက်နေ့နဲ့ (၂၉)ရက်နေ့ ညတွေမှာတော့ မြန်မာအများစု နေထိုင် အလုပ်လုပ်ရာ ကန်ချနဘူရီ နာနတ်သီးစက်ရုံမှာ တရားဒေသနာတော်များ တိုက်ကြွေးမှာဖြစ်ပါတယ်..။ ရွှေညဝါဆရာတော်ကြီးဟာ နှစ်စဉ်နှစ်တိုင်း ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ တပည့်၊ ရဟန်းသံဃာများရဲ့ ဖိတ်ကြားချက်အရ သြဝါဒတရားများ ကြွရောက် ဟောကြားချီးမြှင့်သလို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ထိုင်းနိုင်ငံ တောရော မြို့ပါမကျန် တရားနာ ပရိသတ်များ အကျိုးငှာ နယ်စွန်နယ်ဖျားများအထိ ကြွရောက်၍ တရားတော်များ ချီးမြှင့် ဟောကြားတော်မူပါတယ်..။
 မြန်မာနိုင်ငံအတွင်း အမျိုးဘာသာ၊ သာသနာအကျိုးအတွက် အမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ တရားဓမ္မများ ဟောကြားတော်မူနေတဲ့ ရွှေညဝါဆရာတော်ကြီးအား အာဏာပိုင်များမှ ၂၀၁၁ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၂၀၁၂ ဖေဖော်ဝါရီလ ၁၁ရက်နေ့အထိ တရားဟောခွင့် ပိတ်ပင်ခြင်း ခံထားရသလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း)ရုံးမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဆရာတော်ကြီး သွားရောက်ဟောကြားတော် မူခဲ့တဲ့အတွက် ဒီဇင်ဘာလ ၁၂ရက်နေ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဒုပ္ပစပုဂ္ဂိုလ်ဟု သုံးစွဲပြီး အချက်(၃)ချက်ပါ တားမြစ်ချက် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ဖိအားပေးခြင်းကို ခံနေရပါတယ်...။
 တရားပွဲ အစီအစဉ်များ..
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ရွှေညဝါဆရာတော်ကြီးမှ ငြိမ်းချမ်းစွာ ဖြေရှင်းပြီး နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်.။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁)ရက်နေ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ထုတ်ပြန်ထားသည့် အမိန့်စာပါ အချက်များအား ခေတ္တဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ပြီး လာမည့် တပေါင်းလ၌ ကျင်းပမည့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ထပ်မံဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပါတယ်..။ ရွှေညဝါဆရာတော်ကြီးအား နိုင်ငံတော် သံဃမဟာနာယကမှ အဆိုပါ တားမြစ်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုမှ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပြီး ယနေ့အထိ လက်မှတ်ပေါင်း ၅သောင်းကျော် ရရှိနေပြီဖြစ်ပါတယ်..။ အဆိုပါ လက်မှတ်ရေးထိုးသူများထဲ၌ အစိုးရဝန်ထမ်းများပါ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်..။ ရန်ကုန် ကြည့်မြင့်တိုင် သာဓုကန် ပရိယတ္တိ ပညာ့ဗိမာန်၌ အခါအားလျှော်စွာ ပြည်တွင်းမှ နိုင်ငံရေး အထိမ်းအမှတ်များ ကျင်းပခွင့်ပေးခဲ့ပါတယ်..။

သတင်း ဒီမိုဝေယံ...
ဓာတ်ပုံများ ပြန်လည် ဝေမျှပေးတဲ့ BurmaVJ Media Group အားကျေးဇူးတင်ပါသည်...။

 ရွှေညဝါ ပညာ့ဗိမာန် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့် ပေးတဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား ရုပ်သံ အများကြည့်ရှုနိုင်ရန် တင်ပြပေးလိုက်ပါတယ်..။
ရုပ်သံဖိုင် ပြန်တင်ပေးတဲ့ ညီငယ် ဇေယျာအား ကျေးဇူးတင်ပါသည်..။