ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ရွှေညဝါကျောင်းတိုက်မှ ရွှေညဝါဆရာတော်ကြီးနဲ့ စာသင်သား သံဃာတော်များရဲ့ တနေ့တာ မြင်ကွင်းများ (ရုပ်သံဖိုင်)

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးနဲ့ စာသင်သားသံဃာတော်တွေရဲ့ တနေ့တာမြင်ကွင်းတွေပါ...။ ရွှေညဝါ သင်တန်းကာလအတွင်း စာသင်သား သံဃာတော်တွေရဲ့ ဆွမ်းကွမ်းအတွက် ရွှေညဝါဆရာတော်ကြီး ကိုယ်တိုင် ရှေ့တန်းမှ ဆွမ်းခံကြွချီတဲ့ မြင်ကွင်းရုပ်သံဖိုင်ပါ..။ ကြည့်မြင်တိုင်မြို့နယ် အတွင်းက ဆရာတော်ကို ကြည်ညိုကြတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ကြည်နှူးဖွယ် မြင်ကွင်းတွေပါ..။ ပြည်ပရောက် မြန်မာများအတွက် ကြည်ညိုသဒ္ဓါ တရားပွားများ နိုင်အောင် တင်ပြလိုက်ပါတယ်...။ ရုပ်သံဖိုင် ၁၈မိနစ်ခန့်က စတင်တဲ့ စာသင်သား သံဃာတော်များနဲ့ တသားတည်း ချွေးသံရွှဲရွဲ ဆွမ်းခံကြွတော်မူတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ စာသင်သား ရဟန်း၊ သံဃာတော် (၈၀၀)ကျော်တို့ရဲ့ ဆွမ်းခံကြွတဲ့ မြင်ကွင်းကို ကြည့်ရှုနိုင်ပါတယ်...

ဓာတ်ပုံ၊ ရုပ်သံ... ဒီမိုဝေယံ
ရုပ်သံဖိုင်များအား အများကြည့်ရှုနိုင်အောင် Youtube မှာ ကူညီတင်ပေးတဲ့
ညီငယ် ဇေယျာအား ကျေးဇူးတင်ပါတယ်..။