ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တောင်ဒဂုံရှိ HIV/ AIDS စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ဖျော်ဖြေခဲ့တဲ့ Sky Heart (လူသားအကျိုးပြု ဂီတဥယျာဉ်အဖွဲ့) (သတင်း၊ ဓာတ်ပုံ)

မြန်မာပြည်တွင်းက လူမှုရေးလုပ်ငန်းတွေ စိတ်ဝင်စားတဲ့ ဂီတဝါသနာရှင် လူငယ်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ Sky Heart  (လူသားအကျိုးပြု ဂီတဥယျာဉ်အဖွဲ့)ဟာ ၂၅ရက်နေ့က တောင်ဒဂုံရှိ  မဖြူဖြူသင်း တာဝန်ယူလုပ်ဆောင်နေတဲ့ HIV/ AIDS စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ခဲ့ပြီး ဝေဒနာရှင်များအား မိမိတို့တတ်ကျွမ်းသည့် တေးသီချင်း ဂီတများနဲ့ ဖျော်ဖြေပါတယ်...။ အဆိုပါ ဂီတဝါသနာရှင် လူငယ်လေးများဟာ အဆိုဂီတများနဲ့ ဝေဒနာရှင်များအား သီဆိုဖျော်ဖြေ အားပေးခဲ့သလို ဝေဒနာရှင်များအတွက် ယူဆောင်လာတဲ့ အဝတ်အထည်များနဲ့ မိမိတို့ စုဆောင်းထားတဲ့ မုန့်ဖိုးငွေ ကျပ်၁သိန်း၎ထောင်အား လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်...။
  Sky Heart ညီငယ်၊ ညီမငယ်လေးများအား လေးစားဂုဏ်ယူပါတယ်...
သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ