ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)မှ ဆရာတစ်ဦးရဲ့ တိုင်ကြားစာ...

ကျွန်တော်ဟာ ကမာရွတ်မြို့နယ် အတွင်းက ရန်ကုန်မြို့မှာ အကြီးဆုံးကျောင်းက ပညာရေးဝန်ထမ်း တစ်ဦးပါ။ နာမည်ကြီးကျောင်း ဖြစ်တဲ့အတွက် သိပ်ထောတယ်လို့ အများကမြင်ကြပါတယ်။ တကယ်တမ်းအတွင်းမှာ သပွတ်အူ ဖြစ်နေတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ အလုပ်စ၀င်တဲ့ အချိန်ကနေ အခုအထိ ကျောင်းအုပ်ကြီးတွေ ပြောင်းတာ အဆက်ဆက်ရှိပါပြီ။ အခု နောက်ဆုံးရောက်တဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်စန်း ဆိုးသလိုမျိုး တော့ ဘယ်ကျောင်းမှာမှ ရှိမယ်မထင်ပါဘူး။ ကျောင်းကိုပြောင်းလာတဲ့ ၃လလောက် အတွင်းမှာတင် ၃နှစ်လောက်ကြာသလို ထင်နေရတာပါ။

ဘယ့်နဲ့ဗျာ သူများကျောင်းတွေမှာ သင်တဲ့ဘာသာကိုဘဲ ၀ိုင်းကြီးချုပ်စနစ်နဲ့ အမှတ်ခြစ်ရတာပါ။ သူကတော့
သင်သင် မသင်သင် အတန်းရှိ လူအင်အားကုန် တစ်ဘာသာပြီးမှ တစ်ဘာသာ အမှတ်ခြစ်ရမယ်ဆိုပြီး လုပ်လိုက်တာ ကျွန်တော်တို့ ညမိုးချုပ်မှ အိမ်ပြန်ကြရပါရော။ မိန်းကလေး ဆရာမတွေဆို စိုးတထိတ်ထိတ်နဲ့ အိမ်ပြန်ကြရတာဗျာ လမ်းမှာများ လူဆိုးသူခိုးနဲ့ တွေ့ရင် မလွယ်ဘူးဗျို့ အဆင်မပြေကြောင်း တင်ပြတဲ့ သူကိုလည်း လက်ညှိုး ငေါက်ငေါက်ထိုးပြီး လုံချည်မ ပြန်အော်သေးတယ်ဗျာ စကားပြောတိုင်း ညည်းကျုပ်နဲ့ အဆင်မပြေပုံများဗျာ တခါမှမမြင်ဖူးပါဘူး။ 

စကားမဆုံးသေးဘဲနဲ့ အရင်ဦးအောင် လှည့်ထွက်သွားတတ်လို့ ပြောလက်စ တန်းလန်းနဲ့ ဘာဆက်လုပ်ရမှန်း မသိတာ အကြိမ်ပေါင်းများစွာပါဘဲ။ ကျောင်းကလူတွေနဲ့သာ မတည့်တာ အသက်၄၇နှစ်မှ အိမ်ထောင်ပြုပြီး သူ့ယောက်ျားကိုတော့ လူရှေ့မရှောင် သူရှေ့မရှောင် မောင် ချင်းထပ်နေတာဗျို့ ရေခဲသေတ္တာတို့ အ၀တ်လျှော်စက်တို့ ပေးထားတဲ့ သူများကျတော့ တည့်သဗျ ကွန်တော်တို့ထက် ပိုပြီးဆိုးတာက သန့်ရှင်းရေး ၀န်ထမ်းတွေပေါ့ဗျာ။  ထမင်းဟင်းချက်ခိုင်း အခန်းသန့်ရှင်းရေး (ကျောင်းရုံးခန်း မဟုတ်ဘူးနော်) လုပ်ခိုင်း လုံချည်အညစ်အပေတွေ လျှော်ခိုင်းနဲ့ ခိုင်းသာခိုင်းတတ်တာ တပြားမှတော့မပေးဘူးဗျ။

သူ့တစ်ကိုယ်စာတောင် မသန့်ရှင်းနိုင်မှတော့ ကျောင်းအလုပ်တွေကတော့ ပြောဖွယ်ရာမရှိဘူးပေါ့ဗျာ။ နဂိုရှိပြီးသားအမကြီးတွေကို မတိုင်ပင် မဆွေးနွေးဘဲနဲ့ လူတွေကော မူတွေကောပြောင်းတာမှ တလွဲတွေချည်းပါဘဲ။ အဆိုးဆုံးကတော့ ကျွန်တော်တို့ ကျောင်းကို ရောက်ရောက်ချင်း ဒီကျောင်းကို သူများတွေ ပြောကြတာကတော့ ဒီကျောင်းက ကျောင်းအုပ်ကြီး သင်္ချိုင်းတဲ့ဗျာကျွန်တော်တို့ တကျောင်းလုံးကတော့ သူပြောတဲ့အတိုင်း သူ့စကားနဲ့သူ မြန်မြန်ဖြစ်ပါစေဘဲ ဆုတောင်းမိပါရဲ့ စာဖတ်သူအပေါင်း မယုံမရှိကြပါနဲ့။ ကျွန်တော်လည်း မခံစားနိုင်တော့လို့ မျှဝေခံစားကြပါအုန်းဗျို့။ ခေတ်အဆက်ဆက် အဆင့်မှီ အရည်အချင်းရှိတဲ့ ကျောင်းအုပ်ကြီးတွေနဲ့ ဖြတ်သန်းလာတဲ့ ဒီ ကျောင်းကို ဒီလို အရည်အချင်းမရှိတဲ့ ကျောင်းအုပ်မျိုး မထားသင့်ကြောင်းပါ ခင်ဗျား။