ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မတရားဖမ်းဆီး ထောင်ချခံတော့မည့် လယ်သမားတဦးအား အချိန်မှီ ကယ်တင်ပေးကြပါရန် (တိုင်ကြားစာ).

ပန်းတနော်မြို့နယ်တွင်းရှိ မိရိုးဖလာ လယ်လုပ်ငန်းဖြင့် အသက်မွေးနေသူ ဦးသန်းထွန်းအား လွန်ခဲ့သည့်(၁၃.၇.၂၀၁၁)နေ့တွင် ပန်းတနော်မြို့နယ် ရဲဝန်ထမ်းများမှ မတရားအမှုဆင် ဖမ်းဆီးခဲ့ပြီး မနက်ဖြန်တွင် ပန်းတနော်မြို့နယ် တရားရုံးတွင်  မြို့နယ် တရားသူကြီး ဦးစိန်ကြည်မှ မိန့်ချမှတ်မည်ဖြစ်သည်။ သို့သော် ယခုညနေပိုင်းတွင် စွပ်စွဲခံရသူ ဦးသန်းထွန်း၏ ရှေ့နေ ဖြစ်သူအား မြို့နယ်တရားသူကြီးမှ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ် ၂၅သိန်း ပေးမည်ဆိုပါက ထောင်ဒါဏ် တနှစ်ခွဲသာ ချမှတ်မည်ဖြစ်ကြောင်း အကယ်၍ မပေးနိုင်ပါက ၂ နှစ်မှ ၃နှစ်အထိ ချမည် ပြောဆိုခဲ့သည်ဟုသိရပါသည်။ 

ထို့သို့ရှေ့နေမှတဆင့် အကြောင်းကြားလာသည့်အတွက် ဦးသန်းထွန်း၏ အကိုဖြစ်သူ ဦးကျော်ဆန်းနှင့် ဦးသန်းထွန်းဇနီး ဒေါ်အုန်းမြင့်တို့ မှ ရှေ့နေဖြစ်သူ ဦးကျော်အောင်နှင့် သွားရောက် တွေ့ဆုံခဲ့ရာ (6.12.2011) မနက်ဖြန် အမိန့်ချမည့် နံနက် (၇) နာရီတွင် အမိန့်မချမှီ တရားသူကြီး ဦးစိန်ကြည်နှင့် တွေ့ဆုံ ရမည် ဖြစ်ကြောင်းကို ထပ်မံပြောဆိုခဲ့ ပါသည်။

ယခုအမှုဖြစ် စဉ်သည် မတရားအမှုဆင်ဖမ်းဆီးခံခဲ့ရသည်အတွက် ၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်တွေ တွင် ပူးတွဲပါ အမှုဖြစ်စဉ်အကျဉ်းနှင့် အသနားခံစာကို နိုင်ငံတော်သမတ္တကြီးထံ အသနားခံစာ ပေးပို့ခဲ့သော်လည်း မည်သို့မှ ဆောင်ရွက်ပေးခဲ့ခြင်း မရှိဟုသိရပါသည်။ သို့ပါသောကြောင့် အများပြည်သူများ သိရှိကူညီနိုင်ရန် အတွက် သတင်းပေးပို့လာပါသည်။

အသေးစိတ် သိရှိလိုပါက တရားစွဲဆိုခြင်း ခံရသည်မိသားစုများအား အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဦးသန်းထွန်း အိမ်ဖုန်း ( 0949719453 )

မှတ်ချက်- (6.12.2011)မနက်ဖြန်တွင် တရားရုံးသို့ မိသားစုဝင်များ သွားရောက်မည် ဖြစ်သောကြောင့် ညနေပိုင်းတွင်သာ ဆက်သွယ်နိုင်မည်ဖြစ်သည်။