ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စိန်မေရီကက်သီဒြယ်ကျောင်းတော် နှစ်တရာပြည့်ပွဲအခမ်းအနား (ဓာတ်ပုံ၊ သတင်း)

စိန်မေရီကက်သီဒြယ် ကျောင်းတော် ရာပြည့်ပွဲ
ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီကက်သီဒြယ် ဘုရားကျောင်းကြီးသည် နှစ်(၁၀၀)တိတိပြည့်ခဲ့ပါပြီ။ ထိုစိန်မေရီကက်သီဒြယ် ကျောင်းတော်ကို ၁၉၁၁ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ယခု၂၀၁၁မှာတော့ နှစ်တရာတင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်..။ 
ကျောင်းတော်နှစ်(၁၀၀)ပြည့် ပွဲတော်အား ၂၀၁၁ နိုဝင်ဘာလ (၂၉)ရက်နေ့ မှစတင်ကျင်းပခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာလ (၈) ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပမည်ဟု သိရှိရပါသည်။ ပွဲတော်သို့ အီတလီနိုင်ငံ၊ ရောမမြို့မှ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်ဖြစ်သော (Cardinal Renato Raffaele Martino) သည် ယနေ့ ဒီဇင်ဘာလ (၇)ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင် စိန့်မေရီကက်သီဒြယ်ကျောင်း တော်ကြီး၏ ရာပြည့်ပွဲတော်သို့ လာရောက် ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
 သတင်း၊ ဓာတ်ပုံ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ