ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူတွေအထင်ကြီးတဲ့ ရွှေမင်းသမီးက7days news ဂျာနယ်မှ ဂျာနယ်လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း

HtethtetmoeooHtethtetmoeoo1

Johnson n Johnson ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ လူတွေအထင်ကြီးတဲ့ ရွှေမင်းသမီးက7days news ဂျာနယ် မှဂျာနယ်လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း

၁၉.၅.၂၀၁၀ ဗုဒ္ဓဟူးနေ့ ညနေက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသော Johnson n Johnson ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးမှ 7DaysNewဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေးတစ်ဦး၏ ဆံပင်ကို ဆွဲကာပါးကိုရိုက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု ခိုင်လုံတိကျ သေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ အဆိုပါဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေးက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးအား အင်တာဗျူးရန်အတွက် ၄င်းအခမ်းအနား၌ ချိန်းဆိုထားခဲ့သည်။ ချိန်းဆိုပြီးနောက် ဂျာနယ်လစ် မိန်းကလေးမှ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး၏ အိမ်ထောင်ရေးကိစ္စမှာ တည်မြဲသွားပြီလားဟု မေးမိရာ ၄င်းမှ စိတ်ဆိုးမာန်ဆိုး နှင့်မိန်းကလေး၏ ဆံပင်ကိုဆွဲကာ ပါးကိုရိုက်နှက်ပြီး လက်သည်းများနှင့် လည်းကုတ်ခြစ်ခဲ့သည်။ ဟုသိရှိရပါသည်။

အထက်ပါ ဖြစ်စဉ်အား ဂျာနယ်လစ်မိန်းကလေးဘက်မှ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းကော်မတီနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြားမည်ဟုလည်း သိရပါသည်။ ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူခြင်းများသည် မြန်မာနိုင်ငံတွင် နအဖစစ်အစိုးရ၏ ဆွေမျိုးများနှင့် ပိုက်ဆံရှိ အသိုင်းအ၀ိုင်းများကြားတွင် အတော်ခေတ်စားနေပါသည်။ ထို့အပြင်မီဒီယာ ဘက်မှသာအမြဲရပ်တည်မည်ဟု ကြွေးကြော်ထားသော ဆရာကြီးများအနေနှင့် မီဒီယာဘက်မှရပ်တည်မည်လား..? ရွှေမင်းသမီးဘက်မှ ရပ်တည်မည်လား ဆိုသည်ကိုတော့ မြန်မာနိုင်ငံ၏လွန်စွာမှ မှန်ကန်တိကျ သေချာသော၊ လူ့အခွင့်အရေးကို လေးစားမှုအပြည့်အ၀ရှိသော တရားဥပဒေ ပိတ်ကားပေါ်တွင် ဆက်လက် ရှုစားကြပါလို့…………….

မာဃ၀ိဇ္ဇာ

ပေးပို့လာသူကတော့ သိကြားနဲ့ဝိဇ္ဇာ ပေါင်းထားတဲ့ မာဃ၀ိဇ္ဇာပါ...