ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း ရန်ကုန်၏ လူမှုရေးလုပ်ငန်းများ...


အင်္ဂလိပ်စာ Essay ပြိုင်ပွဲဆုပေးခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေသော မျိုးဆက်သစ် ကလေးသူငယ်များ အင်္ဂလိပ်စာ တိုးတက်မြှင့်မားရန် ရည်ရွယ်ထားသော အင်္ဂလိပ်စာအခြေခံ နွေရာသီသင်တန်းတွင် Level – 2 မှ ကျောင်းသူ/သားများကို My Daily Activities With My Family and My Friends ခေါင်းစဉ်နှင့် Essay ပြိုင်ပွဲ ကျင်းပပေးခဲ့ရာတွင် -

ပထမ . . . မဆုဝတီအောင်

ဒုတိယ . . . မသက်မှူးဝေ

တတိယ . . . သရဖီလှိုင် တို့ ရရှိသွားခဲ့ပါသည်။

လုပ်အားပေး ဆရာမများဖြစ်ကြသော ဒေါ်နီနီအေး၊ ဒေါ်ဧရာမောင်မောင်တို့မှ အမှတ်ပေး စီစစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ဆုရရှိသော မျိုးဆက်သစ် ကလေးသူငယ်များအား ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

ဒုတိယအကြိမ်မြောက် ဆံသဒါန

၂၂ - ၅ - ၂၀၁၀

နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးသို့ ဒုတိယအကြိမ်မြောက် အဖြစ် Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေး (၂၈ လမ်း)မှ ဆရာ ဂျွန်ဆင် ဦးဆောင်ပြီး ဆံပင်ညှပ်ဆရာ (၂၉)ဦး တို့မှ မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် နာရေးကူညီမှု အသင်းသူ အသင်းသားများနှင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ်များတို့ အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များကို လည်း ဆံပင်ညှပ်ခြင်းဖြင့် ဒါန ပြုခဲ့ကြပါသည်။