ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေရိကန်နိုင်ငံသား Mr.Garrett Kostinရဲ့မြန်မာပြည်တွင်းမှ ငြိမ်းချမ်းရေး စတစ်ကာများ ....(ဓာတ်ပုံ)

Photos by Mr.Garrett Kostin
Peace Maker Mr.Garrett Kostin

We all appreciate your great efforts for peace, human rights and justice in our mother land.
Bloom with Success!!! A Job Well Done, Mr. Garrett!!!

ပြီးခဲ့တဲ့မေလ (၃)ရက်နေ့က မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး စတစ်ကာများ လိုက်လံကပ်ခဲ့မှုကြောင့် မြန်မာစစ်အစိုးရမှ ဗီဇာရက် သက်တမ်းမပြည့်ခင် အတင်းအကြပ် ပြန်ပို့ခြင်းခံရတဲ့ Mr.Garrett Kostinရဲ့ မြန်မာပြည်တွင်းက မှတ်တမ်း ဓာတ်ပုံတွေထဲက တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။ ပရိတ်၊ ပဋ္ဌာန်းတရားကို မကောင်းဆိုးဝါးတွေ နားမခံနိုင်၊ ကြောက်ရွံ့သလို.... မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ(Peace In Burma Now) ဆိုတဲ့ စာလေးလေးငါးလုံးကို ကြောက်နေတဲ့ နအဖပါ။

မေမြို့စစ်တက္ကသိုလ်ရှေ့အထိ သွားရောက်ကပ်ခဲ့ပြီး မကြာခင်မှာပဲ ထောက်လှမ်းရေးတွေ လာရောက် ဖယ်ရှားသွားကြောင်း ပြောပြပါတယ်..။ မန္တလေးလေဆိပ်၊ လ.ဝ.ကစားပွဲခုံတွေနဲ့ လေယာဉ်ပျံထိုင်ခုံတွေမှာလည်း ပြန်ပို့တဲ့ အထိရအောင်ကပ်ခဲ့တဲ့ Mr. Garrettပါ။ သူ့သတင်းတွေ ဘလော့တွေမှာ ဖော်ပြပေးတဲ့ အတွက် မြန်မာလို မဖတ်တတ်ပေမယ့် ကြည့်ခွင့်ရတဲ့ အတွက် ကျေးဇူတင်ကြောင်း ပြောဆိုသွားပါတယ်။ Mr. Garrett နဲ့ မေးမြန်းဆက်သွယ်ချက်ကို ဆက်လက်ဖော်ပြပါမည်။