ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အင်းလေးကန်ရဲ့ လက်ရှိနောက်ဆုံးရ အခြေအနေ ဓာတ်ပုံတွေပါ...

Inlay

Inlay1
ခြောက်ခန်းသွားသော အင်းလေးရေပြင်..
Inlay2

Inlay3
အင်းလေးကန်ရဲ့ နောက်ဆက်တွဲပုံတွေပါ... ရာသီဥတုတွေ ဖောက်ပြားရတဲ့ တရားခံတွေကတော့ တိုင်းပြည်ကိုလက်ညိုးထိုးရောင်း စားနေတဲ့ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါ စီးပွားရေးလုပ်ငန်းရှင်တွေပါ။ သစ်တောတွေ မဆင်မခြင်ခုတ်.. ရာသီဥတုတွေ ဖောက်ပြန် ရတာလည်းအဓိက အချက်ပါပဲ.. အင်းလေးကန်ရဲ့ ပတ်ဝန်းကျင်မှာ တောင်ကတုန်းတွေဖြစ် ရေဝေ၊ ရေလဲ ဂေဟစံနစ်တွေ ပျက်ဆီးကုန်တာပါ... ပညာရှင်တွေ ပြောတာလက်မခံပဲ အာဏာနဲ့လုပ်ရင် ဖြစ်တယ်ဆိုတဲ့ အာဏာရှင်တွေကြောင့်ပါ....။ လူမှန်နေရာမှန် မရှိပဲ ဘုရားကအောက် မျောက်က အထက်ဖြစ်နေလို့ပါ...။
Inlay5
ဘာသာတရားနဲ့ ကြည့်မယ်ဆိုရင်လည်း မင်းကျင့်တရား ၁၀ပါးမှာ တစ်ပါးတောင် မညီပါ။ သံဃာသတ် ပြည်သူတွေ စော်ကားထင်ရာဆိုင်းနေတဲ့ စစ်အာဏာရှင်တွေကြောင့် သက်မဲ့တွေတောင်မှ ပုံစံတစ်မျိုးနဲ့ ပုံပေါ်လာနေပါပြီ။ တိုင်းပြည်မှာ တစ်ခါမှာမမြင်ဘူး မတွေ့ဘူးတဲ့ နအဖခေတ်ရဲ့ သမိုင်းစာမျက်နှာတွေပါ... တိုင်းပြည် သာယာဝပြော နေပါတယ်ဆိုပြီး လေလုံးထွားနေတဲ့ အာဏာရှင်တွေရဲ့ အပြောနဲ့ လက်တွေ့ ဟုတ်မဟုတ် သဘာဝတရားကြီးက ဖော်ထုတ် လှစ်ဟပြနေပါပြီ...။ သဘာဝတရားနဲ့ ပြည်သူတွေရဲ့ ဒါဏ်ခတ်မှုကို မလွဲမသွေ စစ်အာဏာရှင်တွေ ခံရပါတော့မယ်။

ဓာတ်ပုံများ ပေးပို့လာသူကတော့ ကျွန်တော်တို့ရဲ့ ပြည်သူ့အတွက် ရဲရဲတောက် ဘားမားပါပါရာဇီ ဖြစ်ပါတယ်။

ဓာတ်ပုံများကူးယူ အသုံးပြုနိုင်ပါသည်.. ကူးယူသည့်လင့်အား ဖော်ပြပေးစေလိုပါသည်။

အောက်ကပုံတွေ ကတော့ တောင်ကြီးသူ တစ်ဦးပေး ပို့လာတာပါ...