ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေ ၊ ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိကြောင်းသိရ...

ရင်းမြစ်... http://www.news-eleven.com/

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေကြောင်းသိရှိသည်။ မီးလောင်ကျွမ်းမှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

မင်္ဂလာဈေးမီးလောင်မှုသည် နံနက် ၈နာရီဝန်းကျင်ကတည်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်နေစဉ် ကာလအတွင်းမှာပင် ယခုကဲ့သို့ ထပ်မံလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်။ မီးစတင်လောင်ကျွမ်းမှုသည် မင်္ဂလာဈေး စတုတ္ထထပ်မှဖြစ်ပြီး ယခုထပ်မံ လောင်ကျွမ်းရခြင်းမှာ စတုတ္ထထပ်အပေါ်ရှိ skyhall မှ စားသောက်ဆိုင်အချို့၏ ဂတ်စ်အိုးများ

ပေါက်ကွဲလောင်ကျွမ်းခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် စတုတ္ထထပ်မှ တစ်ဆင့် skyhall ရှိ style-3 စားသောင်ဆိုင်သို့ ကူးဆက် လောင်ကျွမ်းနေကြောင်း သိရသည်။ အဆိုပါ စားသောက်ဆိုင်ရှိ ဂက်စ်အိုးများ ၊ ဘီယာစည်များ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့အပြင် မီးလောင်ကျွမ်းမှုနှင့် မီးတောက်များ၏ အနေအထားအရ မီးငြိမ်းသတ်နိုင်ရန် မလွယ်ကူကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုအခါတွင် skyhall သို့ လှေကားထောင် မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နေကြောင်းသိရသည်။

7:40pm Update: ထပ်မံရရှိသောသတင်းများအရ မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရာတွင် ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်ယာဉ်များဖြင့် မလုံလောက်သောကြောင့် ပဲခူးတိုင်းအတွင်းရှိ မီးသတ်ယာဉ်များပါ ထပ်မံခေါ်ယူထားကြောင်း သိရသည်။ ယခုလက်ရှိတွင် မီးသတ်ယာဉ်စုစုပေါင်း ၆၅ စီး ဖြင့် မီးငြိမ်းသတ်နေကြောင်း သိရသည်။ skyhall ရှိ စားသောက်ဆိုင် အပါအ၀င် ဆေးပစ္စည်းနှင့် အခြားပစ္စည်းများ သိုလှောင်သိမ်းဆည်းရာ စတိုခန်းများကိုလည်း မီးလောင်ကျွမ်းနေကြောင်း သိရသည်။

(နောက်ဆုံးအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်) http://www.news-eleven.com/

Mingalar market Fire Burning

Mingalar Market Fire Burning

Mingalar Market Fire Burning
  • http://www.news-eleven.com/ မှကူးယူဖော်ပြပါသည်။ အောက်မှာ Eleven Media Group မှပုံများ ဆက်လက်.. ကြည့်ရှုနိုင်ပါသည်။


နောက်ဆက်တွဲသတင်း ။ ။ မြန်မာစံတော်ချိန် ၁၂း ၀၀ ထိ မီးငြိမ်းသက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မြန်မာစံတော်ချိန် ၁:၀၀ နာရီ တွင် မီးလောင်ကျွမ်းသည့် နေရာအပါအ၀င် ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းလျက် ရှိပါသည်။


Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market