ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်သူတွေက ရေငတ်နေတယ် ကြပ်ပြေးမှာ ဒီလိုရေတွေ ဖြုန်းနေတယ် (ခံစားကြည့်ကြပါဗျာ)

nay pyi taw
နေပြည်တော် ပျဉ်းမနားတွင် ရေပန်းဥယျာဉ်သို့ အပန်းဖြေသူများပြား

နေပြည်တော်ပျဉ်းမနားတွင် အပူချိန်မြင့်မားမှုကြောင့် ရေပန်းဥယျာဉ်သို့ အပန်းဖြေသူများလာနေကြောင်း စုံစမ်းသိရှိရပါသည်။

နေပြည်တော်ခရိုင်တွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) စသည့် အများပြည်သူ အပန်းဖြေစခန်းများရှိသော်လည်း နေရာ အလှမ်းဝေးသည့်အတွက် ရုံးဝန်ထမ်းများနှင့် အပန်းဖြေလိုသူများသည် မိမိတို့အလုပ်ချိန်အပြီး ညနေပိုင်းများတွင် ရေပန်းဥယျာဉ်သို့ လာရောက် အပန်းဖြေကြကြောင်းလည်း ရေပန်းဥယျာဉ်သို့ လာရောက်သူများက ဆိုပါသည်။

"ညနေရုံးဆင်းတာနဲ့ ရေပန်းဥယျာဉ်ကို မကြာခဏဆိုသလို ရောက်ဖြစ်ပါတယ်။ သွားရတာလည်း သိပ်အလှမ်းမဝေးဘူး။ ၀င်ကြေးကလည်း ကျပ် ၂၀၀ ပဲ ရှိတယ်။ ရေတံခွန်မှာလည်း အပူသက်သာအောင် ရေကူးချင်လည်း ရတာကိုး"ဟု နေပြည်တော်ရှိ အစိုးရ ၀န်ထမ်းတစ်ဦးက ဆိုပါသည်။

ထို့အပြင် ရေပန်းဥယျာဉ်တွင် Water Movie ခေါ် ရေပန်းရုပ်ရှင်ကို ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့များတွင် ပြသခြင်းကြောင့် လူအများ စိတ်ဝင်စားမှု ရှိကြကြောင်းလည်း သိရသည်။

"ရေပန်းဥယျာဉ်က စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေဆို ပိုစည်တယ်။ အနီးနားမြို့တွေဖြစ်တဲ့ တောင်ငူ၊ ရမည်းသင်း၊ နေပြည်တော်တပ်ကုန်း၊ မိတ္ထီလာမြို့တွေကပါ လာလည်တာကို တွေ့ရပါ တယ်" ဟု နေပြည်တော်ရေပန်း ဥယျာဉ်တွင် ဓာတ်ပုံရိုက်သူတစ်ဦးက ပြောပြခဲ့ပါသည်။
source ... http://www.news-eleven.com/

Photobucketsave water save burma

'Photobucket(ဓါတ်ပုံ ကိုဇော်ဘလော့ဂ်မှ)

လက်ရှိကျွန်တော်တို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကြီးစွာသော ရေပြတ်လတ်မှု ဒုက္ခတွေ ခံစားနေရပါတယ်။ ရေကိစ္စပြဿနာဟာ အခုမှ ဖြစ်နေတာ မဟုတ်ပဲ သင်္ကြန်ပြီးကတည်းက ရေပြတ်လတ်မှု ကြုံနေရတာပါ။ ဒါပေမယ့် ဒီကိစ္စကို စစ်အာဏာရှင်တွေဟာ ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိပဲ မိမိနဲ့ မဆိုင်သလို မသိကျိုးကျွံ ပြုနေခဲ့ပါတယ်။ ပြည်တွင်းမှ လူမှုအဖွဲ့အစည်းတွေက အင်တိုက်အားတိုက် လုပ်ဆောင်လာတဲ့ အခါကျမှ နှမ်းဝင်ဖြူးပါတော့တယ်။ သတင်းစာထဲမှာ ဝါဒဖြန့်လိုဖြန့်တစ်မျိုး ရေသွားလှူတဲ့ သူတွေကို ကြံ့ဖွံ့ အလံထောင်ခိုင်းလို ထောင်ခိုင်းနဲ့ နာဂစ်တုန်းက အချိုးမျိုးတွေ ချိုးပါတော့တယ်...။ သူတို့နေထိုင်တဲ့ ကြပ်ပြေး နေပြည်တော်မှာ တော့ရေအလျှံအပယ် .. မီးအလျှံအပယ်ပါ..။

အထက်ပါ ပုံတွေကို ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ပြည်သူတွေမှာ ရေအတွက် ခေါင်းမီးတောက်နေပြီး လူကြီးတွေသာမကပဲ ကလေးငယ် တွေပါမကျန် အရွယ်နဲ့မမျှပဲ ရေရရှိရေးအတွက် နေပူကျဲတဲမှာ လုံးပမ်းနေရတာ ရင်နှင့်ဖွယ် တွေ့ရပါတယ်။ ရေထည့်စရာ ခွက်တို့၊ ပုန်းတို့တောင် မရှိတဲ့ဘဝတွေပါ...။ အပေါ်က စစ်အာဏာရှင်တွေရဲ့ နေပြည်တော် ကြပ်ပြေးမှာတော့ သောက်သုံးရေအတွက် မဟုတ်ပဲ ကစားပျော်ပါးဖို့ ရေကို အလျှံပယ် ရရှိနေပါတယ်။

လက်ရှိအာဏာရှင် တွေဟာ ကျွန်တော်တို့ ပြည်သူတွေ အပေါ်မှာ ထားတဲ့စေတနာ ကတော့ မြင်ရတဲ့ အတိုင်းပါပဲ။ ပြည်သူတွေ့ရဲ့ ဘဝကတော့ လုံခြုံမှုကင်းမဲ့ ၊ အနာဂတ်မဲ့၊ အလကားရတဲ့ ရေတောင် လောက်လောက် ငှငှမရရှိတဲ့ ဘဝတွေကို ရောက်ရှိနေပါပြီ။ တကယ့်ပြည်သူတွေရဲ့ ဘဝနဲ့ အာဏာရှင်တွေရဲ့ ဘဝဟာ မိုးနဲ့မြေတမျှ ကွားခြားနေပါပြီ။ လက်တွေ့ဘဝတွေပါ.. စစ်အာဏာရှင်တွေကို မျက်စိမှိတ် ထောက်ခံနေသူတွေ လေးလေးနက်နက် စဉ်းစားဆင်ခြင် ကြည့်ကြပါ။