ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာဒုက္ခသည်များအစည်းအရုံး(မလေးရှား) မှ ရေအတွက် ငွေကျပ် ၁၇ သိန်းကျော်လှူဒါန်း..



မြန်မာဒုက္ခသည်များအစည်းအရုံး(မလေးရှား) မှ ရေအတွက် ငွေကျပ် ၁၇ သိန်းကျော်လှူဒါန်း

မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) (Burma Refugee Organization(BRO) မှ မြန်မာပြည်တွင်း ရေအခက်အခဲဖြစ်နေသော ဒေသအသီးသီးသို့ ရေလှူဒါန်းနိုင်ရန် “ နာရေးကူညီမှုအသင်း(ရန် ကုန်) ” သို့ မြန်မာကျပ်ငွေ ၁၇ သိန်းကျော်ကို ၁၇ ရက်နေ့တွင် ပေးပို့လှူဒါန်းလိုက်သည်။

BRO မှ ဦးဆောင်၍ မလေးရှားရှိ မြန်မာစေတနာရှင်များ ထည့်ဝင်လှူဒါန်းလိုက်သော ငွေပမာဏမှာ မြန်မာကျပ် ငွေဖြင့် ၁၇ သိန်း၊ ၅ သောင်း၊ ၄ ထောင် ကျပ် ( RM 5788 ) ဖြစ်သည်။ ယင်းလှူဒါန်းမှုသည် ပထမအကြိမ်လှူ ဒါန်းခြင်းဖြစ်ပြီး ဆက်လက်လှူဒါန်းသွားမည်ဟုလည်း BRO မှ ပြောကြားသည်။

မြန်မာဒုက္ခသည်များအသင်း(BRO) ဥက္ကဌဦးမောင်လှက ပြောကြားရာမှာတော့ “ ကျနော်တို့တိုင်းပြည်မှာ ယခု အခါ ပြည်သူလူထုအားလုံးအတိဒုက္ခအမျိုးမျိုးနဲ့ကြုံနေရတာပါ။ ကျနော်တို့အနေနဲ့ ကိုယ့်ပြည်သူတွေကို အ တက်နိုင်ဆုံးကူညီစောင့်ရှောက်သွားရမယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံးကလည်း ၀ိုင်းဝန်းကူညီပေး ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ”လို့ဆိုသည်။

မြန်မာနိုင်ငံအတွင်း အပူချိန်မြင့်တက်နေပြီး မုတ်သုန်အ၀င်နောက်ကျနေခြင်းကြောင့် မြေအောက်ရေလျှော့ပါး ကာ သောက်သုံးရေပြတ်လပ်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင်လည်း ရေကန်များခန်း ခြောက်ပြီး သောက်သုံးရေအခက်အခဲကြောင့် ရေချိုရရှိနိုင်သည့်နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း သ တင်းများကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေး နှင့် စစ်ကိုင်းတိုင်း၊ ရခိုင်၊ မွန် နှင့် ရှမ်းပြည်နယ်ဒေသ များမှ နေရာအချို့တွင် ရေတွင်း၊ ရေကန်များ ခမ်းခြောက်သဖြင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရပြီး ဒေသ ခံများမှာ အလှူရှင်များ လာရောက်လှူဒါန်းသည့် ရေများကို အားကိုးနေရသည်။

အချို့သက်ကြီးရွယ်အိုများဆို ရေလာရောက်လှူဒါန်းသူများကို ကျေးဇူးတင်လွန်း၍ ထိုင်၍ပင်ကန်တော့ကြ ကြောင်း ပဲခူးမြို့သို့ ရေသွားရောက်လှူဒါန်းသူတစ်ချို့က ပြန်ပြောကြသည်။

ယခုအခါ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ နှင့် နိုင်ငံခြားအဖွဲ့အစည်းများ၊ စေတနာရှင်များအားလုံး သိုနိုင် ရန် Blogs များ၊ Facebook များမှလည်း ဓါတ်ပုံများ၊ သတင်းများ၊ လှူဒါန်းနိုင်သောနေရာများကိုလည်း အဆက် မပြတ်တင်ပြပေးကြပါသည်။

လူမှုရေးများဆောင်ရွက်နေသော ဘလော့ခ်ဂါ ခမိခဆဲ ကလည်း “ ကျနော်တို့ဘလော့ခ်ဂါများအနေနဲ့ ကမ္ဘာ့ ပြည်သူတွေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံး သိရှိနိုင်ပြီး ကိုယ့်ပြည်သူတွေရဲ့ အခက်အခဲတွေကို စာနာ နားလည်ပြီး ကူညီချင်စိတ်ဖြစ်လာအောင် လုပ်ပေးနေတာပါ။ ဒါ မြန်မာပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ။ ပြည်သူတွေ တကယ်ဒုက္ခရောက်နေတာ ကျနော်တို့ အားလုံးအစွမ်းကုန်ကူညီရမှာဘဲ။ အမိမြေနဲ့ဝေးနေ တဲ့ ဘလော့ခ်ဂါမောင်နှမများကလည်း တတ်နိုင်သမျှ ငွေလှူဒါန်းဖို့လည်း လုပ်နေပါတယ်။ အားလုံးကလည်း စာ နာစိတ်ထားကာ အမိနိုင်ငံကို ရေတိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ” လို့ ဆိုပါသည်။

Burma Refugee Organization : www.bromalaysia.com

Blogger Kamikaze : http://kamikaze-2010.blogspot.com

Burma Refugee Organization (BRO) သို့ လှူဒါန်းလိုလျှင် -

Ph No : 03 5891 1266

Mail Address : bromalaysia@gmail.com