ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါင်းယောင်ဆောင်သော ကျီးများမှ (အလံနှင့် တံဆိပ်)ကို ကန့်ကွက်နိုင်ကြောင်း ကြေငြာပြန်...

Photobucket
၈၈မျိုးဆက်ယုတ် ကျီးသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ကျီးရဲထွန်းနဲ့ ကျီးအေးလွင်တို့ အဖွဲ့မှ ပြီးခဲ့တဲ့ မေလ(၁)ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ထံသို့ သမိုင်းဝင် ခွပ်ဒေါင်းအလံကို ပါတီအလံအဖြစ် သုံးစွဲခွင်ပြုမှုနှင့် ပတ်သတ်၍ ကန့်ကွက်နိုင်ကြောင်း အစိုးရပိုင် သတင်းဋ္ဌာနများမှ ကြေငြာခဲ့ပါတယ်။ ထိုသို့ ကြေငြာပြီး မကြာခင်မှာပဲ ပြည်တွင်းပြည်ပနှင့် မြန်မာပြည်တွင်းမှ ဒဂုံတာရာ၊ လူထုစိန်ဝင်း၊ မောင်ဝံသ အပါအဝင် အနုပညာရှင်၊ စာပေစာနယ်ဇင်း အသိုင်းအဝိုင်းနှင့် ကျောင်သားပြည်သူ ပုဂ္ဂိုလ်၉၂ဦးမှ ကန့်ကွက်စာကို စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြသဖြင့် ရွေးကောက်ပွဲကော်မရှင်မှ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။

ယနေ့စနေနေ့ထုတ် သတင်းစာတွေမှာတော့ ကြယ် ၁၄လုံးနဲ့ ခွပ်ဒေါင်းပုံ အသွင်တစ်မျိုးနဲ့ ကန့်ကွက်နိုင်ကြောင်း ကြေငြာချက် ထွက်ပေါ်လာပြန်ပါတယ်။ ပြည်တွင်းမှာ " စစ်အစိုးရရဲ့ သတင်းတွေကို အမှန်အတိုင်း ပြည်သူသိအောင် ဖော်ထုတ်ပေးနေတဲ့ ရဲရဲတောက် ဘာမားပါပါရာဇီကတော့ အေးလွင်တို့အဖွဲ့ဟာ စက်မှုဝန်ကြီး ဦးအောင်သောင်းရဲ့ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ အတွက် သူတို့လုပ်ရပ်တွေကို သတိထားစေလိုကြောင်း ပြောဆိုပါတယ်။." .

နောက်ထပ် ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူ ကိုကောင်းစုလင်း ပြောသွားတာကတော့ လူထုကို လှည့်လိုက်တာပေါ့ အချင်းချင်းလဲ အိုးမဲသုတ်လိုက်သေး ဒီမိုကရေစီအခွင့်အရေး ရသယောင်ယောင်နဲ့ ကန့်ကွက်ရင် ရတယ်ပေါ့ ကော်မရှင်က အရေးယူ ဆောင်ရွက်ပေးတယ်ပေါ့ဗျာ .. တကယ်တော့ ၈၈ မျိုးဆက်သစ် ရဲထွန်း၊ အေးလွင်တို့လဲ ဘုရားပြီးငြမ်းဖျက် ရွေးကောက်ပွဲပြီး ပါတီပျက်ပဲဖြစ်မှာပါပဲ "ဟုသူ့အမြင်ကို ပြောပြသွားပါတယ်။

ခွပ်ဒေါင်းအလံသုံးစွဲမှုနဲ့ ပတ်သတ်ပြီး ဧရာဝတီသတင်းဋ္ဌာနရဲ့ မေးမြန်းခန်းမှာ ကျီးရဲထွန်းက " ခွပ်ဒေါင်းအလံကို မြန်မာပြည်မှာ ခွပ်ဒေါင်းလို သင်္ကေတမျိုးက လူထုကြားထဲမှာ တရားဝင် သိက္ခာရှိရှိ မရပ်တည်ချင်ဘူးလား၊ ၀ိုင်းဖျက်ချင်ကြတာလား” ဟု သိက္ခာမရှိတဲ့လူက သိက္ခာဆိုတဲ့ စကားကို ကျီးပါးစပ်က လဒ စကားထွက်ပြီး... ပြောသွားသလို... Burmatoday ရဲ့မေးမြန်းခန်းတစ်ခုမှာတော့ ကျီးအေးလွင်က မသူတော်တွေ လက်ထဲရောက်သွားမှာ ဆိုးလို့ ထိမ်းထားရတာ ဖြစ်ကြောင်း သူတို့ထက် တန်ဖိုးထားသူ မရှိကြောင်း ကြောင်သူတော် ဒေါင်းသူခိုးမှ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာပြောဆိုသွားပါတယ်။

ဘာပဲပြောပြော သမိုင်းဝင်ခွပ်ဒေါင်းအလံကို သိက္ခာမရှိတဲ့ မသမာသူ ကျီးယုတ်တွေ လက်ထဲရောက် မသွားနိုင်အောင် သိက္ခာမရှိတဲ့ စစ်အာဏာရှင် အပေါင်းအပါတွေရဲ့ ရွေးကောက်ပွဲ ဥပဒေအောက် ရောက်မသွားနိုင်အောင် အားလုံးရဲ့ ညီညွတ်မှုနဲ့ ကန့်ကွက်နိုင်ခဲ့ကြတာ ကျွန်တော်တို့ အားလုံးရဲ့ အောင်မြင်မှုပါပဲ။