ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မေလ(၃၀)ရက်၊ ဒီပဲယင်းအရေးအခင်း (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ရန်ကုန်မြို့အတွင်း နေရာအနှံ့အပြား၌ လုံခြုံရေးတင်းကျပ်

မေလ(၃၀)ရက်၊ ဒီပဲယင်းအရေးအခင်း(၇)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ရန်ကုန်မြို့အတွင်း နေရာအနှံ့အပြား၌ လုံခြုံရေးတင်းကျပ်

လွန်ခဲ့သော (၇)နှစ်ခန့်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်းဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်ရန် အတွက် နအဖစစ်အစိုးရ၏ လက်ကိုင်တုတ် တစ်ချောင်းဖြစ်သော ဗိုလ်ချုပ်စိုးဝင်းမှ ချေမှုန်းသုတ်သင်စစ်ဆင်ရေးတစ်ရပ်ကို ရေးဆွဲကာ မုံရွာမြို့ ပုလဲအကျဉ်းထောင် ရဲဘက်စခန်းမှ ရဲဘက်အကျဉ်းသားများနှင့် စွမ်းအားရှင်များ ကိုစေလွှတ်ပြီးလုပ်ကြံ သတ်ဖြတ် စေခိုင်းခဲ့သည်။ ၄င်းဒီပဲယင်း အရေးအခင်းတွင် နအဖစစ်အစိုးရ၏ လက်အောက်ခံ စွမ်းအားရှင် များ၊ အကျဉ်းထောင်မှ လူမိုက်များ၊ ရဲများနှင့်စစ်သားများ၏ လက်ချက်ဖြင့် ရဟန်းရှင်လူ ပြည်သူအယောက်(၈၀)ကျော် ကျဆုံးခဲ့ရပါသည်။ ဒီပဲယင်းအရေးအခင်းအား ဦးစီး ဆောင်ရွက် လုပ်ကြံခဲ့သော နအဖစစ်အစိုးရ၏ လက်ကိုင်တုတ် လူ့ငရဲသား ဗိုလ်ချုပ်စိုးဝင်းသည်လည်း ၄င်းပြုခဲ့သော အကုသိုလ်အကျိုးတရားများကို ယခုငရဲကြီးရှစ်ထပ် အ၀ီစိတွင်ချိုးကပ်လျှက် သွေးကြွေးများ ပြန်လည် ပေးဆပ်နေရပါသည်။ ၂၀၀၇ စက်တင်ဘာ၊ (ရွှေဝါရောင်တော်လှန်ရေး) တွင်လည်း ရဟန်းရှင်လူ ပြည်သူအများကို ထပ်မံလုပ်ကြံ သတ်ဖြတ်ခဲ့သော နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်အပေါင်းအပါ တစ်စုတို့သည် လည်းမကြာတော့သော အချိန်ကာလတွင် ငရဲကြီးရှစ်ထပ်အ၀ီစိသို့ ချိုးကပ်ရန်အတွက် ထွက်ခွာ သွားကြ ပါတော့မည် ဖြစ်ကြောင်း အသိပေး တင်ပြလိုက် ရပါသည်။

လေးစားဦးညွှတ်လျှက်

ရဲရဲတောက် Burma Paparazi

ပြည်သူအတွက် ရဲရဲတောက် ဘာမားပါပါရာဇီ ပြန်လာပါပြီ......