ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မင်္ဂလာဈေးမီးလောင်ကျွမ်းမှု ဆိုင်ပိုင်ရှင်တစ်ဦးနှင့် အနီးအနားနေ ပြည်သူတစ်ဦး၏ ပြောကြားချက်များ...


မင်္ဂလာဈေး ၂ထပ်ရှိ ဆိုင်ပိုင်ရှင်တစ်ဦး။....။ အခုထိ မီးလောင်နေတယ် ကြားရတယ်။ ကိုယ့်ဆိုင် ပါသွားလား မပါသွားလားဆိုတာ အခုထိ မသိရသေးဘူး...။ မီးလောင်တယ် ဆိုတာနဲ့ ချက်ချင်း မီးသတ်က မရောက်ခင်မှာ စစ်တပ်က လာဝိုင်းတယ် ပြောတယ်။ ပြီးမှ မီးသတ်ရောက်လာတာ... လောင်တာကိုတော့ အမျိုးမျိုးပြော နေကြတယ်။ အခုထိ ကိုယ့်ဆိုင် အခြေအနေ မသိရသေးဘူး... ပစ္စည်းတွေတော့ သယ်ထုတ်တယ်လို့ ပြောတယ်.. ပြန်ရမလား မရမလားမသိဘူး... ။ ဘယ်သူမှ ပေးမဝင်ဘူး... ဆိုင်တွေပါကုန်ရင်တော့ ဘဝပျက်ပြီ... ။ ဆိုင်နေရာ ပြန်မရတော့ မသိသေးဘူး.. အရင်ကတည်းက ကောလဟာလတွေ ထွက်နေတာ အခုတော့ တကယ်ဖြစ်လာပြီ။ ဆိုင်ရှင်တွေ ငိုသူငိုပေါ့... ရှို့မီးလို့လည်းပြောကြတယ်။ လူအသေအပျောက် တစ်ချို့ရှိတယ်လည်း ကြားတယ်။ ခုနကအိမ်က တစ်ယောက် သွားကြည့်ခိုင်းတာ (ည ၉နာရီခန့်) မီးခိုးတွေ ထွက်တုန်းလို့ ပြောတယ်။ အနားဘယ်သူမှ ကပ်ခွင့် မရဘူး... ပြောပြန်ရင်လည်း နိုင်ငံရေးတွေ ပါကုန်မယ်.. မနက်ဖြန်ကျမှ အခြေအနေတွေ အကုန်သိရမယ်... ဟု ပြောဆိုသွားပါတယ်။

မင်္ဂလာဈေးနားနေသူတစ်ဦး။...။ မနက်(၈)နာရီကျော်က စလောင်တာ အစပိုင်းတော့ မသိသေးဘူး နောက်ပိုင်းမှ ဂတ်(စ်)အိုးပေါက်သံတွေ ကော မီးခိုးလုံးတွေ တက်လာတာ။ အန်တီတို့ အိမ်တွေထဲတောင် မီးခိုးလုံးတွေ ပြာမှုန့်တွေဝင်လာတာ...။ အိမ်က အရေးကြီးတာတွေ သိမ်းဆည်းပြီး ပြင်ဆင်ထားရတယ်။ ဘက်ထရီ အားသွင်းတာက စလောင်တာလို့ပြောတယ်.. မင်္ဂလာဈေးမှာ ဆိုင်ခန်းပေါင်း ၄၀၀၀ကျော်ရှိတာပါ... ဆုံးရှုံးမှုက တော်တော်များမယ်။ ရန်ကုန်မြို့ရဲ့ အကြီးဆုံးလက်ကား ဒိုင်တွေရှိတာလေ... အပေါ်ဆုံး ထပ်မှာ ဂစ်စ်အိုးတွေထားတာလေ။ ဂတ်စ်အိုးတွေပေါက်လို့ အမိုးတွေ ပွင့်ကုန်ပါတယ်။ အခုထိ မီးခိုးတွေ ထွက်နေတုန်း.. ဆိုင်ပိုင်ရှင်တွေလည်း သနားပါတယ်... ငိုယိုနေတာ အခုလို ကြပ်တည်းတဲ့ ခေတ်ကာလကြီးမှာ.. နှူရာဝဲဆွဲ လဲရာ သူခိုးထောင်းဖြစ်တာပေါ့ ... နောက် အန်တီတို့ ဒီပြောင်းလာ ကတည်းက ဒီဈေးကို စော်ဘွားကြီးကုန်းဖက် ပြောင်းရမယ်လို့ သတင်းထွက်နေတာ တော်တော် ကြာပါပြီ... အခုတော့ မထင်မှတ်ပဲ တခြားဈေးတွေလို တကယ် ဖြစ်လာပြီပေါ့.. မင်းကတစ်မျိုး မီးကတစ်ဖုံနဲ့ ကြာရင်တော့ တို့ပြည်သူတွေ လုံးပါးပါးင်္ပြး ဘာမှကျန်မှာ မဟုတ်တော့ဘူးလို့ ပြောဆိုသွားပါတယ်....။

မီးမလောင်မှီ
Photobucket


မီးလောင်စဉ်Photobucket

မီးလောင်ပြီး
Tay Za