ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပန်းတွေနဲ့ ဝေပြီး၊ နှောင်းတစ်မြေ့မြေ့နဲ့ ကျန်ရစ်ခဲ့သော ဦးသုမောင်၏ ဈာပန ပုံရိပ်များ...

ပန်းတွေနဲ့ ဝေပြီး၊ နှောင်းတစ်မြေ့မြေ့နဲ့ ကျန်ရစ်ခဲ့သော ဦးသုမောင်၏ ဈာပန ပုံရိပ်များ

အဆိုတော် စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် ဦးသုမောင် (ခ) ဦးဗလ ၂၀၁၀ ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ည (၉း၀၀) နာရီအချိန်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၂၀၁၀ ခုနှစ်၊ မေလ၊ ၂၀ ရက်နေ့ နံနက် (၁၀း၀၀) အချိန် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်ပေါင်းများစွာနှင့် ကိုသုမောင်အား ချစ်ခင်လေးစားကြသော ပရိတ်သတ်အပေါင်းမှ စည်ကားသိုက်မြိုက်စွာ လာရောက်ကြပါသည်။

ထူးခြားချက် ၂ ခုမှာ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ကိုသုမောင်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို မေလ၊ ၁၆ ရက်နေ့ သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်သည့်အချိန်တွင် မိုးများရွာသွန်းပေးခြင်းနှင့် မေလ၊ ၂၀ ရက်နေ့ ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည့် အခမ်းအနားနေ့တွင် ပိတောက်ပန်းများ ပွင့်ခြင်းတို့ပင် ဖြစ်သည်။

ဦးကျော်သူအား ကျေးဇူးတင်ပါသည်။