ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

MRTV မှကြေငြာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကာ့တ်ကမ်ဘဲလ် တွေ့ဆုံတဲ့ သတင်းရုပ်သံ။

Photobucket

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခွင့်ရ

Photobucket
Photobucket
ကျက်သရေအပေါင်းနဲ့ ခညောင်းပြည့်စုံပြီး ပွဲလယ်တင့်တဲ့ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင်ပါ....
ဓါတ်ပုံ ရိုက်တာ
ဟံသာဝတီ သတင်းဋ္ဌာနမှ ကူးယူဖော်ပြပါသည်....

NLD ပါတီဟောင်းတဲ့...

စစ်အစိုးရရဲ့ MRTV က အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ် ရဲ့မြန်မာနိုင်ငံ ခရီးစဉ်သတင်းပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို NLD ပါတီဟောင်းမှ ပုဂ္ဂိုလ်တစ်ချို့ဆိုပြီး အဘ ဦးတင်ဦး၊ အဘဦးဝင်းတင်နဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းတို့ပုံကို ဖော်ပြသွားပြီး.. တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီများမှ ပုဂ္ဂိုလ်များဆိုတဲ့ နေရာမှာတော့ဦးခင်မောင်ဆွေ ပုံကိုသေသေချာချာ ပြသသွားပါတယ်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်များတွေ့ဆုံ..

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် ဦးဆောင်တဲ့၊ ဗဟိုကောင်မတီဝင် ၁၀ဦးနဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ် တို့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ တွေဆုံခွင့်ရခဲ့ရာမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုရာမှာတော့ " မစ္စတာကာ့တ်ကမ်ဘဲလ် အနေနဲ့သူလုပ်နေတာတွေ တိုးတက်မှုမရှိတဲ့ အတွက် စိတ်ပျက်မိကြောင်း ပြောဆိုပါတယ်။ နောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူမှုရေးအလုပ်တွေ လုပ်မယ်ဆိုတဲ့ ဟာတွေ နောက်ကျိုးကြောင်း ဆီလျှော်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း အပြည့်အဝ ထောက်ခံပါမယ် လို့လည်း ပြောဆိုသွားပါတယ်။ " နောက်ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်တော်တော်ကြာ တွေ့ခွင့်ရခဲ့တယ်လို့လည်း အန်ကယ်တို့သိရပါတယ်။ " ဟုပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအယူခံမှု ယနေ့ တရားရုံးချုပ်သို့တင်

ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးအယူခံအမှုကို ဗဟိုတရားရုံးချုပ်သို့ တင်လိုက်ပြီဖြစ်ကြောင်းနဲ့ ယခုအပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စတွေ့ဆုံခွင့်ရဖို့ အာဏာပိုင်တွေထံ တင်ပြမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။