ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ထောင်ချသူနှင့် ထောင်ကျသူတို့ ပြန်လည် တွေ့ဆုံကြသောအခါ

Photobucket
ကဗျာဆရာစောဝေသည် ဖေဖေါ်ဝါရီ (၁၄) ခေါင်းစဉ်အမည်ဖြင့် အချစ်ကဗျာတစ်ပုဒ်ကို ရိုးသားစွာ ရေးသား ခဲ့သော်လည်း နအဖ စစ်အစိုးရ၏ အောက်ဆွဲ တစ်ခါစားမြတ်ခိုင်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေအား အာဏာရူးကြီးမှုးကြီးသန်းရွှေ ဟုအဓိပ္ပါယ် သက်ရောက်အောင် လှောင်ပြောင် ရေးသားသည်ဆိုကာ မြန်မာနိုင်ငံစာပေနှင့် စိစစ်ရေးမှ စာပေကင်ပေတိုင်မှုး ဗိုလ်မှုးတင့်ဆွေ (ခ) ရဲရင့်တင့်ဆွေ အားတိုင်ကြားခဲ့သဖြင့် ကဗျာဆရာစောဝေ တစ်ယောက် ထောင်(၂)နှစ်ကျခံ ခဲ့ရသည်။ ယင်းအမှုတွင် ကဗျာဆရာ စောဝေ၏ ကိုယ်စား လျှောက်လှဲသူအဖြစ် စာရေးဆရာမအယ်ဒီတာချုပ် ခင်ပန်နှင်းမှ လိုက်ပါ လျှောက်လှဲ ဆောင်ရွက်ပေးခဲ့သည်။ ကဗျာဆရာစောဝေအား ပြစ်မှုထင်ရှားသည်ဆိုကာ တရားရုံးမှ ထောင်ဒဏ်(၂)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထောင်ဒဏ် အပြစ်မှာ(၂)နှစ်သာ ဖြစ်သော်လည်း တကယ်တမ်းတွင် ရမည်းသင်း အကျဉ်းထောင်၌ (၂)နှစ်၊(၄)လနှင့် (၅)ရက်တိတိ အကျဉ်းချခံ ခဲ့ရပါသည်။ ၂၆.၅.၂၀၁၀ နေ့တွင် ကဗျာဆရာ စောဝေအား ရမည်းသင်း အကျဉ်းထောင်မှ ပြန်လည် လွှတ်ပေးခဲ့ပါသည်။

၎င်း ဖေဖေါ်ဝါရီ(၁၄) အမည်ရ ကဗျာကိုရေးသားစဉ်က ကဗျာဆရာစောဝေရေးသားသည်ကို ပြည်သူ့ချဉ်ဖတ် တစ်ခါစားမြတ်ခိုင်မှ သိရှိထောက်ခံခဲ့ပြီး မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ စာပေကင်ပေတိုင် ဗိုလ်မှုးတင့်ဆွေ(ခ) ရဲရင့်တင့်ဆွေအား သွားရောက်တိုင်ကြားပြီး၊ ကဗျာဆရာစောဝေအားဗိုလ်မှုးတင့်ဆွေမှ တွေ့လိုကြောင်းပြောပြီး စာပေစိစစ်ရေးရုံးသို့ အယုံသွင်း ခေါ်ဆောင်သွားခဲ့ပါသည်။ ရုံးသို့ရောက်သည်နှင့် တစ်ခါစားမြတ်ခိုင်နှင့် စာပေကင်ပေတိုင် ဗိုလ်မှုးတင့်ဆွေတို့မှ စအဖ စစ်ထောက်လှမ်းရေးများ လက်သို့ ကဗျာဆရာစောဝေကို ၀ကွက် အပ်နှံ လိုက်ကြပါတော့သည်။ တစ်ခါစားမြတ်ခိုင်သည် ထိုအချိန်က အချစ်ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် ရပ်တည်ပြီး စာပေကို ရေးသားသော ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ သရော်စာများကို ရေးသားသူ၏ အမည်ရင်း ကိုတစ်စုံတစ်ဦး သိရှိစေရန်မဖော်ထုတ်၊ မပြောဆိုရေးမှာ အယ်ဒီတာ၏ တာဝန်ပင်ဖြစ်သည်။

နယ်ချဲ့ ကိုလိုနီအစိုးရကို တော်လှန်နေသည့် အချိန်က ရန်ကုန်တက္ကသိုလ်မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် (ငရဲခွေးကြီးလွတ်နေသည်)ဟူသော ဆောင်းပါးကြောင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ သခင်အောင်ဆန်း ကျောင်းမှအထုတ်ခံခဲ့ရပါသည်။ ၄င်းဆောင်းပါးကို ရေးသားသူမှာ အိုးဝေညိုမြ ဖြစ်ပါသည်။ သခင်အောင်ဆန်းသည် အယ်ဒီ တာကောင်းတို့၏ စည်းကမ်း၊ တာဝန်နှင့်အညီ ဆောင်းပါးရေးသားသူကို ထုတ်ဖော်မပြောဘဲ သူသာ အနစ်နာခံခဲ့ပါသည်။ ယခုလို ရေးသားတင်ပြရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ လူတော်လူကောင်းတစ်ဦးနှင့် လူ့ငရဲသား တစ်ခါစားမြတ်ခိုင်အား နှိုင်းယှဉ် ပြနေခြင်းမဟုတ်ပါ။ အယ်ဒီတာကောင်းတို့၏ ဂုဏ်သိက္ခာ အရည်အချင်းကို တင်ပြခြင်းသာ ဖြစ်ပါသည်။ တစ်ခါစားမြတ်ခိုင်သည် စာပေလောကတွင် အယ်ဒီတာကောင်း တစ်ဦးလည်းမဟုတ်သလို၊ စာပေအနုပညာရှင်ကောင်း တစ်ယောက်လဲမဟုတ်ပါ။ မြတ်ခိုင်သည် နအဖစစ်အစိုးရ၏ ဖော်လံဖား အောက်ဆွဲသာ ဖြစ်ပြီးပြည်သူများ၊ အနုပညာရှင်များအား ထောင်ထဲသို့ အရောက်ပို့ပေးနေသော နအဖ စစ်အစိုးရ၏ စွမ်းအားရှင် သတင်းပေး တစ်ဦးသာဖြစ်ပါသည်။

တစ်ခါစားမြတ်ခိုင် ရိုက်ကူးခဲ့သော ဓါတ်ပုံများကြောင့် ၂၀၀၇စက်တင်ဘာ(ရွှေဝါရောင်တော်လှန်ရေး)၌ နအဖစစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသူ အများအပြားရှိခဲ့ပါသည်။ ၂၀၁၀ မေ ၂၉ ရက်နေ့တွင် ကုန်သည်ကြီးများဟိုတယ်(Traders Hotel)၌ ရွှေအမြုတေမဂ္ဂဇင်းတိုက်မှ ကျင်းပပြုလုပ်သော ပဉ္စမအကြိမ် စာပေဆုပေးပွဲတွင် ကဗျာဆရာစောဝေအား ထောင်ကျအောင် ချောက်ချခဲ့သော တစ်ခါစားမြတ်ခိုင်နှင့် ချောက်ထဲရောက်ပြီး ထောင်ကျခဲ့သော ကဗျာဆရာစေဝေတို့ အမှတ်မထင် ပြန်လည်တွေ့ခဲ့ကြပါသည်။ ကဗျာဆရာကိုစောဝေမှ တစ်ခါစား မြတ်ခိုင်ကြီးအား သွားရောက် နှုတ်ဆက်လက်ကမ်းပေးရာ မြတ်ခိုင်ကြီးမှ လက်ကို ပြန်လည် မကမ်းပေးဘဲနောက်ဘက်သို့ပစ်ထားပြီး (မင်းထောင် ၂ နှစ်ထဲကျတာ နည်းလိုက်တာကွာ) ဟူသောအကြည့်မျိုးဖြင့် ကဗျာဆရာစောဝေအား ရွှန်းရွှန်းစားစားကြီး ကြည့်နေခဲ့ပါသည်။ တစ်ခါစားမြတ်ခိုင်သည်... မီဒီယာလောက၊ နိုင်ငံရေးလောကတွင်ပါ ကြောက်စရာအကောင်းဆုံး မီဒီယာ ငရဲသားကြီးပင် ဖြစ်ပါတော့သည်။

မာဃ၀ိဇ္ဇာ
ပေးပို့လာသူကတော့ သိကြားနဲ့ ဘိုးမင်းခေါင်ပေါင်းထားတဲ့
မာဃ၀ိဇ္ဇာပါ။

Feb
ကဗျာဆရာ ကိုစောဝေရဲ့ အချစ်ဂျာနယ်မှာ ပါတဲ့
အာဏာရူးကြီးမှုးကြီးသန်းရွှေ ကဗျာ