ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပေါင်းလောင်းရေလှောင်ကန်တွင် ဓာတ်အားပေးဖို့ ရေလက်ကျန် (၂၀)ရက်စာသာ ရှိတော့ကြောင်း မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ မေလ(၁၄)ရက်နေ့က ထုတ်ပြန်တဲ့စာ....

EPC
EPC1
ဓာတ်ပုံပေးပို့လာသူ ရဲရဲတောက် ဘားမားပါပါရာဇီ......

ပေါင်းလောင်းရေလှောင်ကန်တွင် ဓာတ်အားပေးဖို့ ရေလက်ကျန် (၂၀)ရက်စာသာ ရှိတော့ကြောင်း၊ ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ခြင်းကြောင့် မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ ....စီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန်များ၊ ရပ်ကွက်အသေးစား စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများ Shoppin mall များ၊ Super Market များ အား လျှပ်စစ်ဓာတ်အား ပေးဝေနေခြင်းကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းကြောင်း . မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများအား ဓာတ်အားဖြတ်တောက်ထားရန်တဲ့၊ စည်ပင်၊ အစိုးရကုမ္ပဏီရုံးခန်းများ၊ အား ဓာတ်အား ဖြတ်တောက်ခြင်း မပြုရန်တဲ့... တတ်လည်းတတ်နိုင် ပါပေတယ်.. မောင်မင်းကြီးသားတို့ရယ်....

ယခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်တွင်းဂျာနယ် တစ်စောင် မှာပါတဲ့ .. သတင်းတစ်ပုဒ်ကို အောက်မှာ ဖော်ပြထားပါတယ်..။ ဒီသတင်း မှန်မမှန်ဆိုတာ အခုလက်ရှိ အခြေအနေတွေနဲ့ နှိုင်းယှဉ် လေ့လာကြည့်ရှုနိုင်ပါတယ်။

electric

ပြည်တွင်းမှ မကြာသေးမှီ အတွင်းက ခေတ္တရောက်ရှိလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပြောပြတာကတော့ ပြည်တွင်းမှာ စက်မှုလုပ်ငန်းတွေ ဘာမှ မထုတ်လုပ်နိုင်ကြောင်း ဟန်ပြပဲဖြစ်ကြောင်း .. မိမိတို့ကိုယ်တိုင် ဗိုလ်ချုပ်အသိုင်းအဝိုင်းမှာ သွားလာလှုပ်ရှားနေရတဲ့ အခြေအနေမှာ မီးပြတ်တဲ့ ကိစ္စပြောဖြစ်တဲ့ အခါ သူတို့ဗိုလ်ချုပ်မိသားစု အသိုင်းအဝိုင်းမှ အံ့သြနေကြောင်း ဟုတ်ရဲ့လားလို့ မေးကြောင်း... ဘာကြောင့်လဲဆိုတော့ သူတို့နေတဲ့နေရာတွေ၊ ခရီးထွက်တဲ့ နေရာတွေတိုင်းမှာ နောက်က မြန်မာ့လျှပ်စစ်ဓာတ်အားပေးဋ္ဌာနမှ အငြိုငြင်မခံရအောင် တောက်လျှောက် လိုက်ပြီး မီးမပြတ်အောင် လုပ်ပေးနေရတဲ့ အတွက်ကြောင့် မီးပြတ်တာကို မခံစား၊ မကြုံဘူးတဲ့ အတွက်ကြောင့် ဟုတ်ရဲ့လားလို့ မေးတာဖြစ်ကြောင်း... ပြည်သူတွေမှာတော့ မီးမလာ၊ရေမလာတဲ့ ဒုက္ခကို အလူးအလိမ့် ခံနေရကြောင်း ပြောပြသွားပါတယ်။

မီးရမယ်၊ ရေရမယ် ဆင်ဖမ်းမယ်၊ မြင်းဖမ်းမယ် ဆိုတာ နအဖတက်လာကတည်းက ပြောလာလိုက်တာ အနှစ်(၂၀)ကျော် နေပါပြီ... အနှစ်(၂၀) ဆိုတဲ့ အချိန်ဟာ စစ်မှန်တဲ့ ပြည်သူ့ ဒီမိုကရေစီအစိုးရ တစ်ခုသာ ရှိခဲ့ရင် တိုင်းပြည်တစ်ခု ထူထောင်ဖို့ အတွက် လုံလောက်တဲ့ အချိန်တစ်ခုပါ။ အခုတော့ ကြာလေ ဆိုးလေပါပဲ ... စက်မှုနိုင်ငံကို ဖယောင်းတိုင်၊ ဆင်ဖြူတော်၊ ကြေးမုံ ၊ မြန်မာ့အလင်းနဲ့ ကြပ်ပြေးက မင်းတရားကြီးရဲ့ ပါးစပ်က ထွက်တဲ့ လေကြီးလေကျယ် အခြေအမြစ်မရှိတဲ့စကားတွေနဲ့ ထူထောင် ပါတော့မယ်။