ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စပ်မိစပ်ရာ ယနေ့ပြည်တွင်း သတင်းတွေပါ...



မြို့တော်ရန်ကုန်မှာ အပူရှိန် ပြင်းထန်မှုကြောင့် သေဆုံးရသူများ များပြားလာနေပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဋ္ဌပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူမှ ပြောကြားရာမှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ ၂၀၀၆ခုနှစ်မှ ၂၀၁၀ဧပြီလအထိ တစ်နေ့ ကိုပျှမ်းမျှ(၄၀)မှ (၅၀)အထိ သဂြိုလ်ပေးရတယ်။ အခုနောက်ပိုင်း(၇၀)ဖြစ်လာပြီ။ မနေ့ကနဲ့ ဒီနေ့(၁၆)ရက်နေ့ဆို အယောက် (၇၆)ယောက် သဂြိုလ်ပေးနေရပြီ။ အပူချိန်ပြင်းထန်တဲ့ ဒဏ်ကြောင့် ရုတ်တရက် သေဆုံးသူတွေ များလာကြောင်း ပြောဆိုသွားပါတယ်။

ဦးကျော်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)

ရန်ကုန်မြို့ကို မီးပေးဖို့ ရေမလောက်တော့ပါဘူး မကြာခင်ရက်ပိုင်းအတွင်း ပိုမိုဆိုးရွားစွာမီးပျက်ဖို့ရှိပါတယ်... အဲသလို မီးပျက်ခြင်းရဲ့ နောက်ဆက်တွဲ ရေလိုအပ်ချက် ကြီးမားလာမှာဖြစ်ပြီး... မိမိတို့အစီအစဉ်နဲ့ ရေကို ကြိုတင်စုဆောင်းနိုင်ဖို့ ချွေတာသုံးဆွဲဖို့ လိုလာမှာဖြစ်ပါတယ်။ ထို့အတူ လက်ရှိရန်ကုန်မြို့ခံစားနေရသော အပူချိန် မြင့်မားမှုဒဏ်ကို ကြီးငယ်မဟူ ခါးစီးခံစားနေရပါတယ်။ ဒီကိစ္စကို တာဝန်ရှိပါတယ်ဆိုတဲ့ လူကြီးတွေ ကလျစ်လျုရှုနေပါတယ်။ အသက်အရွယ်ကြီးမားသော လူကြီးများ အတွက် အလွန်စိုးရိမ်ရသော အနေအထားဖြစ်ပြီး နေ့စဉ်နှင့်အမျှ သက်ကြီးရွယ်အိုများ အသက်သေဆုံးနေကြပါတယ်။

(ကိုကောင်းစုလင်း ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူ)

မြန်မာပြည်မှာ ရေရှားတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး ဆရာ့ အမြင်ကို ပြောပြရရင်တော့ ဒီနှစ်သင်္ကြန်စာမှာ ဆရာပြောဘူးပါတယ်... ရေလှူရမယ်.. ဒါနပြုရမယ်လို့။ ရေဆိုတာ လူ့အသက်ပါပဲ.. ဒီလိုအရေးကြီးတဲ့ ရေရှားပါးမှုဖြစ်တယ်ဆိုတာ.. အင်မတန်မှ မကောင်းတဲ့ နိမိတ်ပါ။ ဒီနှစ်ရဲ့ ကောဇာမဟာဘုတ်မှာ ဗုဒ္ဓဟူးနံက တိုင်ထိပ်မှာပါ..။ ပုံမှန်စဉ်းစားမယ် ဆိုရင်တိုင်ထိပ်မှာ ဗုဒ္ဓဟူးနံ ရောက်နေတော့ ရေတို့ ရွေးကောက်ပွဲတို့ အောင်မြင်မယ်လို့ ထင်ရတာပေါ့။ ဒါပေမယ့် အခုလက်ရှိ ဘာဖြစ်နေလဲ ရေရှားနေတယ်... ဒါတွေဟာ နိမိတ်တွေပေါ့.. ပျက်ဆီးမယ့် သဘောပေါ့။

ဦးသန်းရွှေဟာ သောကြာသား မဟုတ်ဘူး ၁၉၃၃ခုနှစ် ၂လပိုင်း ၂ရက်နေ့မှာ မွေးတဲ့ ကြာသာပတေးသားဗျ.. ဒါပေမယ့် နာမည်သောကြာကို ကြည့်ရမယ်။ အင်္ဂဝိဇ္ဇာတိုင်နဲ့ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် အလယ်မှာ တန်းအောက်က ၅မြန်မာနိုင်ငံ ရှိမယ်။ ၄ဂဏန်းက တိုင်အောက် အမြစ်မှာ ရှိနေတယ်။ ရွေးကောက်ပွဲ အနေနဲ့ တွက်မယ်ဆိုရင်တော့ မလုပ်ခင်တော့ အောင်မြင်မယ်လို့ ထင်ရပေမယ့် တကယ်လုပ်မယ် ဆိုရင်တော့ ပျက်ဆီးမှုက များနိုင်တယ်။ ၇ဂဏန်းက အောက်မှာရှိနေတဲ့ အတွက် မင်းပြောင်းမင်းလွဲရှိတယ်.. သူတို့အချင်းချင်းလည်း ပြဿနာတွေ ဖြစ်နိုင်တယ်။ မင်းဆိုးမင်းညစ်တွေ အုပ်ချုပ်လို့ အဓမ္မဝါဒီတွေ လွှမ်းမိုးလာလို့ပဲ....။ လူ့လောကကြီးက အလှည့်နဲ့ ဖြစ်နေတာ ပြည်သူ့တွေ ခံရတဲ့အလှည့်ပြီးရင် အာဏာရှင်တွေခံရမယ့် အလှည့်ပဲ..။ ဆရာ့အမြင်တော့ တိုင်းပြည်ပြောင်းလဲမယ့် နိမိတ်တွေပဲ ဒီနှစ်စမှာ နေကြတ်ပြီးကတည်းက သင်္ကြန်မှာ ဗုံးတွေပေါက်ပြီးပြီ .. ရေရှားပြီ.. အပျက်တွေ ဖြစ်လာတာ။ အဆိုးတွေ ဆက်တိုက်ကြုံပြီးမှ အကောင်းဖြစ်လာမှာ မကြာခင်လတွေမှာ စစ်တပ်အတွင်းမှာ ပြဿနာတွေ စတော့မယ်။ ၇ဂဏန်း မင်းအစိုးရနဲ့ ၃ဂဏန်း အင်္ဂါနံစစ်တပ်တို့ မရဏနဲ့ ပုတိမှာရောက်နေတဲ့ အတွက် သူတို့အချင်းချင်း ဖြစ်တော့မယ်။ အလွန်ဆုံးခံ ၆လပဲ။ နောက်ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲ ကိုမဖြစ်အောင် အလွယ်ဆုံးယတြာခြေနည်းက ရွေးကောက်ပွဲ ၄+၂+၅ ဝါးခြမ်းပြား ၄+၂+၅နဲ့ စနေနံ တိုင်တို့ ဓာတ်တိုင်တို့ ကိုနာနာရိုက်ပြီး ရွေးကောက်ပွဲ ပျက်ဆိုပြီး စိတ်ထဲကရွတ်ပြီးလုပ်ကြပါလို့ ပြောဆိုသွားပါတယ်။
(မှတ်ချက် .. တစ်ချို့ အသုံးအနှုန်းတွေ နားမလည်ပေမယ့် ပေးပို့လာသည့်အတိုင်းတင်ပြလိုက်ပါသည်)

(ပြည်တွင်းမှ ဝေဒပညာရှင်တစ်ဦး)