ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

(VOA) မေလ ဒုတိယပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်

မေလ (၈) ရက် မှ မေလ (၁၅) ရက်နေ့အထိ တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ ~ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ပေမယ့် နိုင်ငံခြားသံတမန်များ နဲ့ သတင်းမီဒီယာများနဲ့ ဆက်သွယ်လုပ်ကိုင်နေမယ်ဆိုတဲ့ အကြောင်း ပြောဆိုချက်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တချို့  သီးခြားနိုင်ငံရေးပါတီ ထူထောင်လုပ်ကိုင်နေမှုအကြောင်း။ အမေရိကန်အစိုးရ မြန်မာစစ်အစိုးရကို တိုင်းပြည်ကို စစ်မှန်တဲ့နိုင်ငံရေး အခွင့်အလမ်းများ ဖွင့်ပေးလုပ်ဆောင်ဖို့ တိုက်တွန်းပြောဆို။ စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်စို့မှု သက်တမ်းတိုးဖို့ ရီပတ်ဘလီကန် (Republican) အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) ရဲ့  အဆိုတင်သွင်း တောင်းဆိုမှု။ ထိုင်းဝန်ကြီးချုပ် အဖီဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) ရှပ်နီ (red shirts) ဆန္ဒပြပွဲများကို အဆုံးသတ်ဖို့ တိုက်တွန်းပြောဆိုချက်။ New York မြို့  Times Square မှာ ဗုံးခွဲဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပါကစ္စတန်ဖွား၊ အမေရိကန် နိုင်ငံသား ဖိုင်ဇယ်လ် ရှာဇတ်ဒ် (Faisal Shahzad) ရဲ့ နောက်ဆက်တွဲသတင်းများနဲ့
အပိုင်း(၃)(၄) အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
သတင်းဆောင်ပါးကဏ္ဍမှာ
နှစ်စဉ်ကျင်းပပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ နဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်များအတွက် ပညာသင် ထောက်ပံ့ကြေးပေးတဲ့ အခမ်းအနားများအကြောင်း ကိုသိန်းထိုက်ဦး တင်ပြပေးထားတဲ့ သတင်းဆောင်းပါး

မနန္ဒာချမ်း တင်ပြပေးထားတဲ့ စစ်တပ်ခေါင်းဆောင်များ တပ်မတော်က အနားယူပြီး အရပ်သားအဖြစ် နိုင်ငံရေး ပါတီထောင် ပြင်ဆင်လုပ်ကိုင်နေမှုအပေါ် ပြည်သူများရဲ့  ဝေဖန်သုံးသပ်ပြောဆိုနေတဲ့ သတင်းဆောင်းပါး။

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးကြီး ပြောင်းရွှေ့ ဖို့ ပြင်ဆင်လုပ်ကိုင်နေတဲ့အကြောင်း ကိုရန်နိုင်ရဲ့  သတင်းဆောင်းပါး။

မသင်းသီရိ တင်ပြပေးထားတဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်း (Shanghai) မြို့ မှာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံပေါင်း (၂၀၀) ကျော် ပါဝင်ပြသထားတဲ့ "Better City, Better Life" - Expo 2010 Shanghai China အကြောင်း သတင်းဆောင်းပါး။

နော်ရှိုးတင်ပြပေးထားတဲ့ ဗွီအိုအေသတင်းထောက် Gary Thomas ရဲ့  Vietnam Pushes for More Trade and Regional Engagement 35 Years After US Departure သတင်းဆောင်းပါး။

ကိုရော်နီညိမ်း တင်ပြပေးထားတဲ့ ဗွီအိုအေသတင်းထောက် Carolyn Presutti's Terrorist Suspect Faisal Shahzad Admits to Attempted Attack on NY ရဲ့  နယူးယောက်ခ် ကားထောင်ဗုံးခွဲ ကြံစည်သူ ဖိုင်ဇယ်လ် ရှာဇတ်ဒ် (Faisal Shahzad) အကြောင်း နောက်ဆက်တွဲ သတင်းဆောင်းပါး။

တောင်အာဖရိကနိုင်ငံ (South Africa) မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲ (World Cup) အတွက် ပေါ့ပ်အဆိုတော် Shakira သီဆိုထားတဲ့ "Waka Waka," သီချင်းအတွက် အငြင်းပွားဖြစ်နေမှုအကြောင်း မစုမြတ်မွန် တင်ပြပေးထားတဲ့ သတင်းဆောင်းပါး စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်း၊ ဆောင်းပါးများကို ဒီတပတ် တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ (VOA) သတင်းဋ္ဌာနမှ...