ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

VOAမေလ ပထမပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်...

မေလ (၁) ရက် မှ မေလ (၈) ရက်နေ့အထိ တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ ~ နာဂစ် လေဘေးမုန်တိုင်း ကူညီလုပ်ဆောင်နေမှုကို စစ်အစိုးရက ကန့်သတ်ချုပ်ချယ်မှုအကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့  အစီရင်ခံစာအကြောင်း။ စစ်အစိုးရ ဗိုလ်ချုပ်များ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ကြဖို့ ပြင်ဆင်လုပ်ကိုင်နေမှု သတင်း။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ်ကြီးသန်းရွှေ ကို တရားစွဲဆိုလိုက်တဲ့ သတင်း။ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (United States Commission on International Religious Freedom) အစီရင်ခံစာ အကြောင်း။ အိန္ဒိယ-မြန်မာ နယ်ခြားဒေသ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်နေမှု အခြေအနေ။ အဘီဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) အစိုးရထောက်ခံ ပြည်သူများရဲ့  ဆန္ဒပြပွဲ သတင်းများအပြင်

မအေးသန္တာကျော် တင်ပြပေးထားတဲ့ (၂) နှစ်အကြာ နာဂစ်မုန်တိုင်းဒဏ်သင့် မုန်တိုင်းဒဏ်ခံ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ အခြေအနေ သတင်းဆောင်းပါး။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးရာ ကဏ္ဍမှာ - နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်သွားမယ်ဖြစ်ကြောင်း ဗဟိုအမှုဆောင်ကော်မတီ ဦးအုန်းကြိုင်ရဲ့  ပြောဆိုရှင်းလင်းချက် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကျန်းမာရေးအခြေအနေ စစ်ဆေးမှု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောဆိုတင်ပြချက်။

မညိုညိုလွင် တင်ပြပေးထားတဲ့ ဗွီအိုအေ သတင်းထောက် Laurel Bowman ရဲ့  Activists Hold Little Hope for 2010 Elections in Burma သတင်းဆောင်းပါး။

မြန်မာစစ်အစိုးရအပေါ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုအတွက် သက်တမ်းတိုးသင့်မတိုးသင့် အမေရိကန်အထက်လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်လုပ်ကိုင်နေမှုအကြောင်း ကိုဇော်ဝင်းလှိုင် တင်ပြပေးထားတဲ့ သတင်းဆောင်းပါး။

ဘန်ကောက်မြို့ ရောက် ကိုသားညွန့်ဦး သတင်းပေးပို့ထားတဲ့ EarthRights International အဖွဲ့ရဲ့  မြန်မာနိုင်ငံအတွင်း ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီမြုပ်နှံထားတဲ့ နိုင်ငံခြားကုမ္မဏီတွေရဲ့  ငွေစာရင်းတွေ ထုတ်ပြန်ဖို့ တောင်းဆိုမှု သတင်းစာရှင်းလင်းပွဲအကြောင်း။

မြန်မာနိုင်ငံ နိုင်ငံရေး၊ စစ်ဘေး နဲ့ စီးပွားရေး ဒုက္ခသည်များအကြောင်း သိကောင်းစရာ တင်ပြပေးထားတဲ့ နော်ရှိုးရဲ့  သတင်းဆောင်းပါး။

ကိုရော်နီညိမ်း စုစည်းတင်ပြပေးထားတဲ့ ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးပဋိပက္ခ အခြေအနေအကြောင်း သိကောင်းစရာ စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်း နဲ့ သတင်းဆောင်းပါးများကို ဒီတပတ် တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ VOA မှရယူပါသည်။